ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ဘောလုံးရာသီမှာ သူ့ကို အကူအညီပေးခဲ့ကြတဲ့ ယူနိုက်တက် အသင်းဖော် 6 ဦး အမည်ကို ထုတ်ပြောလိုက်တဲ့ အန်တိုနီ

အန်တိုနီ ဆိုတာ ပြီးခဲ့တဲ့ နွေတုန်းက အေဂျက်ဇ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 85.5 သန််းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံး ဘောလုံး ရာသီကတော့ အကောင်းအဆိုးတွေနဲ့ ရောပွမ်းနေခဲ့ရပါတယ် ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ရောက်လာခဲ့တာကြောင့် ပရိသတ််တွေဟာ သူ့အပေါ် မျှော်လင့်ချက် အများကြီး ထားရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ ကစားသမားကတော့ ပြိုင်ပွဲစုံ 8 ဂိုး သွင်း ၊ 3 ကြိမ်သာ ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ သူနောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ်တွေမှာတော့ အသင််းအတွက် ပုံစံကောင်း အချို့ကို ပြသသွားနိုင်ခဲ့ပါတယ်် ။ အခုတော့ ဘရာဇီးသားက သူ့ကို အင်္ဂလန်မြေမှာ အထိုင််ကျအောင် ကူညီပေးခဲ့ကြတဲ့ အသင်းဖော် 6 ဦး အထိ ရှိနေခဲ့ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်ဟာ တဖြေးဖြေး အံဝင်လာခဲ့တယ်လို့ ခံစားရပြီး မန်ချက်စတာမှာ နေသားကျနေပြီလို့ ထင်မိပါတယ် ။ ဒီမှာက ဘရာဇီးသား အချို့ ရှိနေကြတယ်လေ ။ ကျွန််တော်နဲ့ ကာစီမီရို တို့က အမြဲတမ်း ဆိုသလို အတူတူ သွားလာနေတတ်ကြပါတယ် ”

” ကျွန်တော်တို့ အမြဲတမ်း တပူးပူး တတွဲတွဲပါပဲ ။ ကျွန််တော်ကတော့ ဒီမြို့မှာ အထိုင်ကျနေပြီဖြစ်ပြီး ဒီနေရာကိုလည်း ချစ်မြတ်နိုးနေပါပြီ ။ ကျွန်တော် ဒီမြေမှာ အချိန်တွေ အများကြီး ရှိနေနိုင်ဖို့ မျှော်လင့်နေပါတယ် ။ ကာစီမီရို ၊ ဖရက်ဒ် နဲ့ မာတီနက်ဇ် တို့ကို သိခဲ့ရတာက တကယ့်ကို အကူအညီိ ဖြစ်စေပါတယ် ”

” သူတို့တွေတင် မဟုတ်ပါဘူး ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ ဒီယိုဂို ဒါးလော့ တို့ကလည်း ကျွန်တော့်ကို အကူအညီတွေ ပေးဆောင်ခဲ့ကြပါတယ် ။ သူတို့တွေ အရမ်းကို ကူညီနေခဲ့ကြသလို ကျွန်တော် တို့ရဲ့ ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီိယာ ကလည်း အကူအညီတွေ ပေးခဲ့ပါတယ် ”

” ကျွန်တော် သူတို့ဆီက အကူအညီတွေ ထောက်ခံမှုတွေ အားပေးမှုတွေ ရရှိခဲ့ပါတယ် ။ ကျွန်တော် ဒီအသင်းဆီ အခုလိို ကစားသမားတွေရဲ့ ကြိုဆိုမှုတွေနဲ့ အတူ ရောက်လာခဲ့တာကို တကယ်ပဲ ပျော်ရွှင်မိပါတယ် ” လို့ အန်တိုနီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar