လက်စတာကို နိုင်ခဲ့ပြီးနောက် လီဗာပူးရဲ့ top 4 မျှော်လင့်ချက်ကို သုံးသပ်လိုက်တဲ့ ယာဂန်ကလော့

 

ယာဂန်ကလော့က လီဗာပူး အနေနဲ့ နယူးကာဆယ် မန်ယူနိုက်တက် တို့နဲ့ ပြိုင်ဆိုင်နေရတဲ့ top 4 race မှာ အထက်က အသင်းတွေကို တက်နိုင်သမျှ ဆက်လက် ဖိအားပေးသွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ မနေ့ညက ကာတစ်ဂျုံး (၂ ဂိုး) ၊ အလက်ဇန်းဒါးအာနိုး တို့ရဲ့ ဂိုးတွေနဲ့အတူ လက်စတာကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ၎င်းတို့ထက် ၁ ပွဲလျော့ ကစားထားတဲ့ အဆင့် ၃ နဲ့ ၄ နေရာက နယူးကာဆယ် မန်ယူနိုက်တက် တို့နဲ့ တစ်မှတ် အကွာကို ရောက်ရှိလာခဲ့ပြီး top 4 မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းထားခဲ့ပါတယ်။

လီဗာပူးရဲ့ top 4 chance အပေါ် ကလော့က “ကျနော်တို့ရဲ့ အလုပ်က ဆက်ပြီး ဖိအားပေးဖို့ပါပဲ။ ဒီလို မဟုတ်ဘူးဆိုရင်တောင် လက်ရှိအခြေအနေဟာ ကျနော်တို့ လွန်ခဲ့တဲ့ ၆ ပတ် ၇ ပတ်က မျှော်လင့်ထားခဲ့တဲ့ အနေအထားထက် ပိုပြီး ကောင်းပါတယ်။ ဒီနိုင်ပွဲဟာ ကျနော်တို့အတွက် ဘယ်လို အဓိပ္ပာယ်လဲ ဆိုတာ ကျနော် မသိပါဘူး။

ပြီးခဲ့တဲ့ ၄ ၅ နှစ်တုန်းက ချဲလ်ဆီးဟာ top 4 အတွက် ကျနော်တို့ကို အနီးကပ်ဖိအားပေးနေခဲ့ပြီး သူတို့ တစ်ချိန်လုံးကို နိုင်နေခဲ့တာပါ။ အဲဒီနှစ်က ကျနော်တို့ အဆင့် ၄ ရခဲ့ပြီး ခြေစစ်ပွဲအဆင့်ကနေ ၀င်ခွင့်ရခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ နောက်ဆုံးပွဲစဉ်ကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်အထိ နိုင်ပွဲတွေ ဆက်ဖို့ လိုအပ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ နောက်က အသင်းတွေက တစ်ချိန်လုံး နိုင်နေခဲ့လို့ ဖြစ်ပါတယ်။

ကျနော်တို့ ဘာပဲဖြစ်ဖြစ် ချန်ပီယံလိဂ်၀င်ခွင့် ရခဲ့ပါတယ်။ အခုလည်း ရိုးရိုးသားသား ပြောရရင် နယူးကာဆယ်နဲ့ မန်ယူနိုက်တက် တို့ လက်ကျန်ပွဲတွေ အားလုံးနိုင်မယ်လို့ ကျနော် မျှော်လင့်ထားဆဲပါ။ ဒါပေမယ့် ဒါဟာ ကျနော်တို့ကို ဆက်လက် အာရုံစိုက်မှုကောင်းစေပါတယ်။ ဒါဟာ ကျနော်တို့ အလုပ်ပါ။ ကျနော်တို့ ဘက်က သူတို့ကိုလည်း ဆက်လက် ဖိအားပေးနေရမှာပါ။ အဲဒီနောက် ဘာဖြစ်လာမလဲ ကြည့်ရတာပေါ့။

လွန်ခဲ့တဲ့ ၆ ပတ် ၇ ပတ် တုန်းက ဒါမျိုး ဖြစ်လာနိုင်မယ်လို့ ကျနော် လုံး၀ မထင်ထားခဲ့ပါဘူး။ အဲဒီအချိန်က ကျနော်တို့ လိုနေခဲ့တာက ခြေစွမ်းတည်ငြိမ်မှုပါ။ ဒီနေ့ပွဲမှာ လက်စတာနဲ့ game ဆိုတဲ့ ပုံစံမျိုး မဖြစ်ခဲ့ပါဘူး။ ကျနော်တို့ တကယ် တိုက်ပွဲ၀င်ကာ နေရာတိုင်းမှာ challenges လုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ တကယ်ကောင်းတဲ့ ပုံစံနဲ့ ပွဲကို ထိန်းချုပ်ကစားခဲ့လို့ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။