အသင်းကြီးတွေရလဒ်ကောင်းမယ်ဆိုတဲ့ လော်ရိုးရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

အက်စတွန်ဗီလာ Vs တော့တင်ဟမ်
အက်စတွန်ဗီလာဟာ နောင်ဆုံးပွဲစဉ်မှာ ဝုဖ်ဗာဟမ်တန်ကို ရှုံးနိမ့်ခဲ့ပြီး တော့တင်ဟမ် ကတော့ ခရစ်စတယ်ပဲလေ့စ်ကို နိုင်ခဲ့ပါတယ်။ ကျနော် ဒီပွဲမှာ တော့တင်ဟမ်ကို ရွေးချယ်ချင်ပါတယ်။ ဗီလာဟာ ရလဒ်တွေ တောက်လျှောက်ကောင်းခဲ့တဲ့ အသင်း ဖြစ်ပေမယ့် တစ်ပွဲ ရှုံးသွားတာနဲ့ ဒါဟာ သူတို့ကို သက်ရောက်မှု ရှိစေနိုင်ပ့တယ်။

အက်စတွန်ဗီလာ 1-2 တော့တင်ဟမ်

ချဲလ်ဆီး Vs နော့တင်ဟမ်ဖောရက်စ်
နော့တင်ဟမ်ဖောရက်စ်ဟာ ရူးသွပ်စရာ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ အရမ်းကောင်းတဲ့ ရလဒ်ကို ရရှိခဲ့ပါတယ်။ ဘုန်းမောက်ကွင်းမှာ ရှားရှားပါးပါး နိုင်ခဲ့ပြီးနောက် ချဲလ်ဆီးဟာ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ကျနော်ကတော့ ချဲလ်ဆီးတို့ နိုင်ပွဲဆက်သွားမယ်လို့ ထောက်ခံပါတယ်။

ချဲလ်ဆီး 2-0 ဖောရက်စ်

မန်ယူနိုက်တက် Vs ဝုဖ်ဗာဟမ်တန်
မန်ယူနိုက်တက်ဟာ နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဝုဖ်ဗာဟမ်တန်ဟာ တိုက်စစ်ပိုင်း သိပ်ပြီး ကောင်းတဲ့ အသင်း မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျနော် ယူနိုက်တက်ကို ရွေးချယ်သွားမှာပါ။

မန်ယူနိုက်တက် 2-0 ဝုဖ်ဗာဟမ်တန်

အဲဗာတန် Vs မန်စီးတီး
ဒါဟာ ပွဲကောင်းတစ်ပွဲ ဖြစ်နိုင်ပါတယ်။ ဒါဟာ မန်စီးတီးအတွက် ခက်ခဲတဲ့ ပွဲစဉ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် စီးတီးပဲ နိုင်မှာပါ။ ဘရိုက်တန်နဲ့ ပွဲစဉ်က အဲဗာတန်ရဲ့ ရလဒ်ဟာ ဒီရာသီ အကောင်းဆုံး ရလဒ်တွေထဲက တစ်ခု ဖြစ်ပြီး ဒါဟာ ရူးသွပ်စရာ ရလဒ်ပါ။ ဒါပေမယ့် စီးတီးဟာ အဲ‌ဗာတန်အတွက် အင်အားကောင်းလွန်းနေပါတယ်။

အဲဗာတန် 0-2 မန်စီးတီး

အာဆင်နယ် vs ဘရိုက်တန်
ကျနော် ဒီပွဲစဉ်မှာ အာဆင်နယ်ကို ရွေးချယ်သွားမှာပါ။ နယူးကာဆယ်နဲ့ ပွဲစဉ်က သူတို့ရဲ့ ရလဒ်ဟာ တအားကို ကောင်းခဲ့ပေမယ့် အာဆင်နယ် အတွက် နံပါတ် ၂ နေရာက သေချာသလောက်ပါပဲ။ ဘရိုက်တန်ဟာ ဒီပွဲမှာ ရှုံးကောင်း ရှုံးနိုင်ပေမယ့်လည်း သူတို့ဟာ အရမ်းကောင်းတဲ့ရာသီကို ပိုင်ဆိုင်ထားပြီးသားပါ။

အာဆင်နယ် 2-1 ဘရိုက်တန်

လက်စတာ vs လီဗာပူး
လက်စတာဟာ တကယ့်ကို အန္တာရာယ်များတဲ့ အခြေအနေ ဖြစ်နေပြီး ဒီအတိုင်းသာဆိုရင် တန်းဆင်းရဖို့ နီးနေပါပြီ။ လီဗာပူး အနေနဲ့ ဒီပွဲကို သက်တောင့်သက်သာ အနိုင်ရသင့်ပါတယ်။ လီဗာပူးတို့ ၇ ပွဲဆက် နိုင်သွားမှာ ဖြစ်ပြီး လက်စတာတို့ အတွက် နောက်ထပ် ရှုံးပွဲတစ်ပွဲပါ။

လက်စတာ 0-2 လီဗာပူး

အခြားပွဲစဉ်များအတွက် ခန့်မှန်းချက်
လိဒ် 0-2 နယူးကာဆယ်
ဆောက်သမ်တန် 0-2 ဖူဟမ်
ဘရန်ဖို့ဒ် 1-1 ဝက်ဟမ်း
ခရစ်စတယ်ပဲလေ့စ် 2-1 ဘုန်းမောက်

SM