ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ

 

ဘုန်းမောက် vs ချဲလ်ဆီး
ဘုန်းမောက်ဟာ အကောင်းဆုံး လုပ်ပြထားခဲ့ပါတယ်။ လူတော်တော်များများက သူတို့ကို တန်းဆင်းရဖို့အတွက် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် သူတို့ဟာ တကယ်ကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလူစာရင်းနဲ့ ဒီလို လုပ်ပြခဲ့တာကတော့ amazing ပါပဲ။ ဘုန်းမောက်က ပုံစံကောင်း ရနေပေမယ့် ချဲလ်ဆီးကတော့ ဆိုးရွားတဲ့ ရာသီကို ပိုင်ဆိုင်ထားကာ လမ်းပတ်ရဲ့ လက်အောက်မှာ ပွဲတိုင်းရှုံး ဖြစ်နေပါတယ်။ ဒီပွဲမှာ ဘုန်းမောက်တို့ အနိုင်ရလိမ့်မယ်လို့ ကျနော် ထင်နေဆဲပါ။ ဒါဟာ ဘုန်းမောက် အတွက် ကြီးမားတဲ့ရလဒ် ဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ အာမခံချက် ရသွားမှာပါ။

ဘုန်းမောက် ၂-၁ ချဲလ်ဆီး

မန်စီးတီး vs လိဒ်
အလာဒိုက်ဟာ လိဒ်အသင်းကို အနိုင်ယူရခက်ခဲတဲ့ အသင်း ဖြစ်လာအောင် ပထမဦးဆုံး လုပ်သွားမှာပါ။ ဒါပေမယ့် လိဒ်ဟာ ပေးဂိုးတွေ များလွန်းနေပြီး စီးတီးကတော့ နိုင်ပွဲတွေ တောက်လျှောက်ဆက်နေပါတယ်။ ဒီဘရိုင်းနားဟာ ကြားရက် ပွဲစဉ်မှာ မပါ၀င်ခဲ့ဘဲ အနားရခဲ့ပါတယ်။ ဟာလန်းနဲ့ သူ့ရဲ့ သွင်းဂိုးမှတ်တမ်းကိုတော့ ကျနော်တို့ သိထားပြီးသားပါ။ လာမည့် အပတ် ရီးရဲယ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပကျော့ ရှိနောကြောင့် ပက်အနေနဲ့ သူ့အသင်းကို လူအပြောင်းအလဲတွေ လုပ်သွားမယ်ဆိုရင်လည်း ကျနော် အံ့သြမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စီးတီးမှာ ထူးချွန်တဲ့ ကစားသမားတွေ အများအပြား ရှိနေတာကြောင့် လိဒ်ကို ကောင်းကောင်း cope လုပ်နိုင်မှာပါ။ စီးတီးတို့ သက်တောင့်သက်သာ နိုင်သွားမယ်လို့ ကျနော် ရွေးပါတယ်။

မန်စီးတီး ၃-၀ လိဒ်

စပါး vs ခရစ်စတယ်ပဲလေ့စ်
ပဲလေ့စ်ဟာ ရမှတ် ၄၀ ရထားပြီး ဖြစ်တာကြောင့် safe ဖြစ်မယ့်ပုံပါပဲ။ တန်းမဆင်းရဖို့အတွက် ရွိုင်းဟော့ဆန်ကို ပြန်လည် ခန့်အပ်ခဲ့စဉ်က လူအများစု ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ဟော့ဆန်ဟာ အဲဒီမှာ ကောင်းကောင်း လုပ်ပြခဲ့ပါတယ်။ တော့တင်ဟမ်တို့ ဒီပွဲမှာ ဘယ်လို ကစားသွားမလဲဆိုတာ ခင်ဗျားတို့ သိမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့အပတ် အန်ဖီးမှာတုန်းက ၃-၀ ဖြစ်သွားချိန်မှာ သူတို့ ပရိတ်သတ်တစ်ချို့ ကွင်းထဲကနေ ထွက်သွားခဲ့ကြပါတယ်။ အဲဒီနောက် တော့တင်ဟမ်တို့ ပြန်လာနိုင်ပါတယ်။ ဒါကလည်း လီဗာပူးရဲ့ ပေါ့လျော့သွားမှုကြောင့် ပါ၀င်ပါတယ်။ ဒီတစ်ခါ စပါးဟာ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ပဲလေ့စ်တို့ တန်းဆင်းအန္တရာယ် မရှိတော့တဲ့ အချက်ကြောင့် စပါးကို အကြိုက်တွေ့မိပါတယ်။

စပါး ၂-၀ ပဲလေ့စ်

လီဗာပူး vs ဘရန့်ဖို့ဒ်
ဘရန့်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က တကယ်ကောင်းတဲ့ ရလဒ်ကို ရခဲ့ပါတယ်။ နောက်ကျဂိုး ၂ ဂိုးကို ပွဲကို အလှည့်အပြောင်း လုပ်နိုင်ခဲ့တာဟာ တကယ်ကို ချိုမြိန်ပါတယ်။ လီဗာပူးဟာ ငါးပွဲဆက် နိုင်ထားတဲ့အသင်းပါ။ ဒါပေမယ့် သူတို့ရဲ့ နောက်တန်းက ပေါက်ထွက်နေသလို ပါပဲ။ ဖူဟမ်နဲ့ ပွဲစဉ်မှာ သူတို့ အနိုင် ၃ မှတ် ရခဲ့တာဟာ ကံကောင်းလို့ပါ။ ဒါဟာ အန်ဖီးမှာ ကစားရမှာပါ။ ဒ့ါကြောင့် အိမ်ကွင်းနိုင်ပွဲလို့ မျှော်လင့်ထားဆဲပါ။

လီဗာပူး ၂-၀ ဘရန့်ဖို့ဒ်

နယူးကာဆယ် vs အာဆင်နယ်
ဒီပွဲဟာ သရေကျလိမ့်မယ်လို့ ကျနော် မြင်နေပါတယ်။ ခံစစ်ပိုင်းမှာ နယူးကာဆယ်ဟာ တအားကို ကောင်းတဲ့ အသင်းပါ။ သူတို့ဟာ တအားကောင်းတဲ့ အိမ်ကွင်းမှတ်တမ်းလည်း ရှိထားပြီး တစ်ရာသီလုံးမှာ လီဗာပူး တသင်းသာ အဲဒီမှာ နိုင်ထားခဲ့ပါတယ်။ အသင်းတွေဟာ စိန့်ဂျိမ်းပက်မှာ ကစားရ ခက်ခဲနေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တစ်ချို့မှာ ဂိုးတွေ ပေးနေရပါတယ်။ သူတို့ဟာ ဦးဆောင်ဂိုးတွေ သွင်းနိုင်ပေမယ့် ချေပဂိုးတွေ ပြန်ပေးနေရပါတယ်။ ဒါ့ကြောင့် ဒီပွဲစဉ်ဟာ အကြိတ်အနယ်နဲ့ သရေကျသွားမယ်လို့ ရွေးချယ်ပါတယ်။

နယူးကာဆယ် ၁-၁ အာဆင်နယ်

၀က်ဟမ်း vs မန်ယူနိုက်တက်
မန်ယူနိုက်တက်ဟာ ပွဲတွေ ဆက်တိုက် ကစားနေရပါတယ်။ သူတို့ဟာ ကြာသပတေးနေ့က ဘရိုက်တန်နဲ့ကစားခဲ့ရပြီး နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ ၀က်ဟမ်းနဲ့ ရင်ဆိုင်ရမှာပါ။ ၀က်ဟမ်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ကစားပုံ ကောင်းလာခဲ့ပြီး ရင်ဆိုင်ရတာ ခက်ခဲလာပါတယ်။ ဒါပေမယ့် မိုရက်ဟာ သရေရလဒ်ဆိုရင် ယူသွားမှာ ဖြစ်ပါတယ်။ ၀က်ဟမ်းရဲ့ အိမ်ကွင်း ဖြစ်နေတာကြောင့် သရေရလဒ်နဲ့ ပွဲပြီးသွားမယ်လို့ ထင်ပါတယ်။

၀က်ဟမ်း ၁-၁ မန်ယူနိုက်တက်

အခြားပွဲစဉ်များ
ဝုဖ် ၁-၁ အက်စတွန်ဗီလာ
ဖူဟမ် ၂-၁ လက်စတာ
ဘရိုက်တန် ၂-၀ အဲဗာတန်
နော့တင်ဟမ်ဖောရက်စ် ၂-၀ ဆောက်သမ်တန်