” ဒါမမျှတဘူး ” ယူနိုက်တက်နဲ့ နိုင်ပွဲအပြီး ပေါက်ကွဲလိုက်တဲ့ ဘရိုက်တန် နည်းပြ ရော်ဘတ်တို ဒီ ဇာဘီ

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူခဲ့တဲ့နောက် ဘရိုက်တန် နည်းပြ ရောဘတ်တို ဒီ ဇာဘီ က FA ဖလား ဆီိမီး ဖိုင်နယ် အဆင့်မှာ သူတို့တွေ ပိုကောင်းခဲ့ကြတယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

ဘရိုက်တန် အသင်းဟာ မနေ့ညကတော့ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး သာမန် ပွဲကစားချိန် မိနစ်တွေမှာ သရေကျခဲ့ပေမယ့် အချိန်ပိုမှာ ပင်နယ်တီ ရရှိခဲ့တာကို အလစ္စတာက ဂိုးအဖြစ်် ပြောင်းလဲပေးနိုင်ခဲ့တာကြောင့် အနိုင်ရခဲ့ကြပါတယ် ။

ဒါမတိုင်ခင်မှာတော့ ယူနိုက်တက် နဲ့ ဘရိုက်တန် တို့ဟာ ဝင်ဘလေ ကွင်းထဲမှာ FA ဖလား ဆီမီး ဖိုင်နယ် ပွဲစဥ်ကို ကစားခဲ့ရသေးပြီး သာမန် ပွဲကစားချိန်ရော အချိန်ပိုမှာပါ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ ကန်ခဲ့ရပြီး ယူနိုက်တက်တို့ ဖိုင်နယ်တက်ခဲ့ကြပါတယ် ။

အခုတော့ ယူနိုက်တက်တို့ကို လက်စားချေပြီးနောက်မှာ ဘရိုက်တန် နည်းပြ ဒီ ဇာဘီ က သူတို့ အသင်းဟာ ပွဲစဥ် နှစ်ပွဲလုံးမှာ ပိုကောင်းခဲ့ကြောင်း ၊ ဆီမီး ဖိုင်နယ်မှာ သူတို့ အနိုင်ရခဲ့သင့်ကြောင်း ထုတ်​ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

” ဒီနေ့ အသင်းရဲ့ စွမ်းဆောင်ရည် နဲ့ ရလဒ် အပေါ် တကယ််ပဲ ကြည်နူး ဝမ်းမြောက်မိ ပါတယ် ။ ဘောလုံးမှာ နတ်ဘုရား ရှိမယ် ထင်တယ် ။ ကျွန်တော်တို့ ဆီမီးဖိုင်နယ် ကတည််းက အနိုင်ရဖို့ ထိုက်တန်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ပင်နယ်တီမှာ ရှုံးနိမ့်သွားခဲ့ကြပါတယ် ”

” ဒါပေမဲ့ ဒီနေ့တော့ ပင်နယ်တီနဲ့ အနိုင်ရခဲ့ကြပါတယ် ။ ပွဲစဥ် နှစ်ပွဲလုံးမှာ ကျွန်တော်တို့ဟာ ယူနိုက်တက်တို့ထက် ကစားတာ ပိုကောင်းခဲ့ကြတယ်လို့ ထင်မိပါတယ် ။ ဒါပေမဲဲ့ နောက်ဆုံး ရလဒ်က မမျှတခဲ့ပါဘူး ။ ပင်နယ်ဆီ ကစားရတဲ့ အခိုက်အတန့်က တကယ့်ကို ခက်ခဲလှတယ်လေ ”

” ကျွန်တော် ပင်နယ်တီ မကြည့်ရတာ ပိုပြီး သဘောကျပါတယ် ။ ကျွန်တော်တို့ အံ့ဖွယ် ပွဲစဥ် တစ်ပွဲကို ကစားခဲ့ကြရပါတယ် ။ ကျွန်တော်တို့ ပွဲစဥ်တွေကို လွှမ်းမိုးကစားနိုင်ခဲ့ကြပါတယ် ။ ကျွန်တော့်ရဲ့ ကစားသမားတွေလည်း အနိုင် ရလဒ် နဲ့ ထိုက်တန်ခဲ့ကြပါတယ် ”

” ကျွန်တော်တို့ နောက်ထပ် ပွဲစဥ် 6 ပွဲ အထိ ကစားကြရဦးမှာပါ ။ တနင်္လာနေ့မှာ ကျွန်တော်တို့ အဲဗာတန် နဲ့ ခက်ခဲတဲ့ ပွဲစဥ် ကစားရမှာပါ ။ ဒီပွဲမှာ နိုင်ဖို့ လိုပါတယ် ။ သူတို့ကို မနိုင်ခဲ့ရင် ဒီရမှတ် 3 မှတ်ကို ပြန်ပြီး ဆုံးရှုံးလိုက်ရပါလိမ့်မယ် ” လို့ ဒီ ဇာဘီ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar