ဂန်းနား ကြယ်ပွင့်ကို အရန်ခုံ ပို့သင့်ပြီ လို့ နည်းပြ အာတီတာ ထံ အကြံပြုလိုက်တဲ့ အီယန်ရိုက်

 

ဂန်းနား ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် က နောက်ပိုင်း ပွဲစဉ်တွေမှာ ဆာကာ တစ်ယောက် ပုံစံကောင်း ပျောက်ဆုံးနေမှု အပေါ် စိုးရိမ်မိကြောင်း ပြောကြား လိုက်ပြီး အာတီတာ အနေနဲ့ ဆာကာ ကို အရန်လူစာရင်းမှာပဲ ထားပြီး အနားပေးသင့်ကြောင်း အကြံပြု စကားဆို သွားခဲ့ပါတယ် ။

ဆာကာ ဟာ ဒီရာသီ အာဆင်နယ် အသင်း အတွက် အထူး ခြေစွမ်းပြ ကစားနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လိဂ်ပြိုင်ပွဲ ၃၄ ပွဲ ကစား ၁၃ ဂိုးသွင်း ၁၁ ဂိုး အထိ ဖန်တီး ပေးထားပါတယ် ။ ဒါပေမယ့် ဆာကာ ဟာ လက်တစ်လောမှာ စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ သွင်းဂိုး တစ်ဂိုးသာ သွင်းယူ ထားနိုင်ပါတယ် ။

အီယန်ရိုက် က ” ဆာကာ ကို အနည်းငယ် အနား ပေးသင့်နေပြီလို့ ကျနော် ကတော့ မြင်ပါတယ် ။ အခု အချိန်မှာ ကျနော်တို့ ဘယ်ပွဲကိုမှ ထပ်ပီး ရှုံးလို့ မရတော့ပါဘူး ။ အခု အချိန်မှာ ကျနော်တို့ ကစားသမားတိုင်းကို လိုအပ်ပါတယ် ၊ ဒါပေမယ့် ကျနော် စိုးရိမ်စိတ် ဖြစ်နေပါတယ် ၊ ဆာကာအတွက် စိုးရိမ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် မှာ ပုံစံကောင်း ရနေတဲ့ နယူးကာဆယ် အသင်း နဲ့ ကစားရမှာ ဖြစ်ပြီး ချန်ပီယံ မျှော်လင့်ချက် အတွက် မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ် နေတာ ဖြစ်ပါတယ် ။လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကတော့ အာဆင်နယ် အသင်း ထ​က် ၂၄ နာရီ စောပြီး ကစားရမှာ ဖြစ်ပီး အနိုင် ၃ မှတ် ရရှိပါက ဒုတိယနေရာက အာဆင်နယ် အသင်းကို ၄ မှတ် အထိ ဖြတ်ထား နိုင်တော့မှာ ဖြစ်ပါတယ် ။