ဝေဖန်နေသူတွေကို တုန့်ပြန်လိုက်ပြီ သူ အနှစ်သက်ဆုံး ဘောလုံး ရာသီကို ထုတ်ပြောလိုက်တဲ့ ဖာဒီနန်

 

ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် ကတော့ 2012-13 က သူတို့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးခဲ့တာနဲ့ ပတ်သက်လို့ သူ့အပေါ် ဝေဖန်ခဲ့သူတွေကို တုန့်ပြန်လိုက်ပြီး ဒါဟာ သူ့ရဲ့ အနှစ်သက်ဆုံး ​ဘောလုံးရာသီ ဖြစ်ခဲ့ရကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

ရီယို ဖာဒီနန် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးခဲ့စဥ်တုန်းက ပရီးမီးယားလိဂ် အမှတ််ပေး ဖလားကို 6 ကြိမ် အထိ ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး အကြိမ်က ဆာ အဲလက်စ် ဖာဂူဆန် မထွက််မီ 2012 – 13 ဘောလုံး ရာသီ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ ဘောလုံး ရာသီ မတိုင်မီမှာ ယူနိုက်တက် တို့ဟာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို ဘောလုံး ရာသီ တစ်ခုရဲ့ နောက်ဆုံး မိနစ်ရောက်မှ အမှတ်ပေး ဆုဖလား လက််လွှဲပေးခဲ့လိုက််ရတဲ့ ရင်နာဖွယ် ရာသီမျိုး ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုတော့ ဖာဒီနန်က ဆာ အဲလက်စ် ကိုင်တွယ်ခဲ့တဲ့ နောက််ဆုံး ဘောလုံး ရာသီမှ အမှတ်ပေး ဖလားဟာ သူ့အတွက််တော့ အရမ်းကို အဓိပ္ပါယ် ရှိကြောင်း ၊ သူ့အပေါ် ဝေဖန််ခဲ့ကြသူတွေကို တုန့်ပြန်နိုင်ခဲ့တဲ့ ဒီရာသီကို အနှစ်သက်ဆုံး ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဆာ အဲလက်စ် နဲ့ ဆွတ်ခူးခဲ့တဲ့ နောက်ဆုံး အမှတ်ပေး ဖလားပဲပေါ့ဗျာ ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက နောက်ဆုံး တစ်လုံး ဖြစ်ခဲ့တာ ၊ ပြီးတော့ တကယ့်ကို ကြီးကျယ် ခမ််းနားလွန်းတဲ့ အခိုက်အတန့်တွေကိုပါ ပိုင်ဆိုင်ခဲ့ရတာကြောင့်ပါပဲ ”

” ဒီဆုဖလားက ကျွန်တော့်အတွက် အရမ်းကို အဓိပ္ပါယ် ရှိလွန်းပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီမတိုင်ခင်တုန်းက ကျွန်တော် ကောင်းကောင်း ကစားမှ ကစားပြနိုင်မလားဆိုပြီး လူတွေ သံသယဝင်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြသေးတာလေ ”

” အထူးသဖြင့် စပါးနဲ့ ပွဲစဥ်တုန်းကပေါ့ ။ ကျွန်တော်ဟာ အဲ့တာမတိုင်ခင်မှာ ဒဏ်ရာတွေ အများကြီးပဲ ရခဲ့တာပါ ။ ဒါပေမဲ့ ဒီရာသီမှာ ကျွန်တော်ဟာ ပုံစံကောင်း ပြသနိုင်ခဲ့ပြီး ပွဲစဥ်တွေလည်း အများကြီးပဲ ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ် ”

” ဒါ့အပြင် အဲ့ဒီနှစ်မှာ ကျွန်တော်ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းထဲလည်း ပါဝင်နိုင်ခဲ့သေးတယ်လေ ။ ဒါပေမဲ့ လူတွေကတော့ ဆာ အဲလက်စ် ဖလားယူခဲ့တဲ့ အသင်းထဲမှာ ဒါဟာ အညံ့ဆုံး အသင်းပဲလို့တောင် ပြောခဲ့ကြပါသေးတယ် ”

 

” ဆိုးရွားတဲ့ အသင်းဟာ ဘယ်လိုမှ ပရီးမီးယားလိဂ် မရနိုင်ဘူးလေ ။ အဲ့ဒီ အသင်းက ဘယ်လို ကစားမလဲ ၊ တိုက်ပွဲဲဝင်ရမလဲဆိုတာကို ကောင်းကောင်းကြီးသိနေခဲ့ပါတယ် ။ ပြီးတော့ အားလုံး ကြိုးစားလိုစိတ် ရှိခဲ့ကြပါတယ် ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar