ပင်နယ်တီအထိ ဆွဲခေါ်သွားပြီး ရင်ခုန်စရာတွေ ပေးခဲ့တဲ့ ယူနိုက်တက် 0-0 ဘရိုက်တန် ပွဲစဥ်မှ Rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက ဝင်ဘလေ ကွင်းထဲမှာ FA ဖလား ဆီမီးဖိုင်နယ် အဆင့် ပွဲစဥ် အဖြစ် ဘရိုက်တန် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး ပွဲချိန် မိနစ် 90 အတွင်း ဂိုးမရှိ သရေ ရလဒ်သာ ရယူသွားနိုင်ခဲ့တဲ့ အတွက် အချိန်ပို ကစားခဲ့ရပါတယ် ။

အချိန်ပို နှစ်ပိုင်းမှာလည်း ထပ်မံ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ် ။ ပင်နယ်တီမှာတော့ တစ်ဖက် 6 ဂိုးစီ သွင်းယူနိုင်ခဲ့ကြပေမဲ့ 7 ကြိမ်မြောက််မှာ ဆိုလီ မာ့ချ် က မိုးပေါ်ထောင်ကန်ခဲ့ပြီး လင်ဒီလော့ဖ် က ဂိုး ရယူပေးသွားနိုင်ခဲ့ပါတယ် ။

အဆိုပါ သွင်းဂိုးကြောင့် ပွဲချိန်အတွင်း ဘရိုက်တန် အသင််းရဲ့ ဘောလုံးကိုင် ကစားမှုကို ခံခဲ့ရတဲ့ ယူနိုက်တက်တို့ ဖိုင််နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြပါတယ် ။ ယူနိုက်တက်တို့ ဖိုင်နယ်ကို ခက်ခက်ခဲခဲ တက်သွားခဲ့တဲ့ ပွဲစဥ်မှ ကစားသမားတွေရဲ့ rating ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

အလစ္စတာရဲ့ ဖရီးကစ်ကို ကာကွယ်ပြနိုင်ခဲ့သလို အန်စီဆို နဲ့ ဆိုလီ မာ့ချ် တို့ရဲ့ ကန်ချက်ကိုလည်း ကာကွယ်ပြနိုင်ခဲ့ပါတယ် ။ ပွဲချိန်အတွင်း ထူးကဲခဲ့ပေမဲ့ ပင်နယ်တီမှာ ပုံမှန််အတိုင်း ညံ့ခဲ့ပါတယ် ။

ဘစ်ဆာကာ (7)

ဘရိုက်တန် အသင်းမှ ခြေစွမ်းပြနေခဲ့တဲ့ မီတိုမာ ကို အကောင်းဆုံး ထိန်းချုပ်ပြနိုင်ခဲ့ပြီး slide ထိုးတာတွေလည်း သေသပ်ခဲ့ပါတယ် ။

လင်ဒီလော့ဖ် (7)

ခံစစ် ညာဖက် အခြမ်း ကစားခဲ့ရတဲ့ ပွဲစဥ်မှာ ပိုမို တည်ငြိမ််အောင် ကစားပြနိုင်ခဲ့ပြီး လုခ်ရှော နဲ့လည်း အတွဲညီခဲ့ပါတယ် ။ အဆုံးအဖြတ် ပင်နယ်တီလည်း သွင်းယူသွားနိုင်ခဲ့ပါတယ် ။

လုခ်ရှော (7)

ဗဟိုခံစစ်နေရာမှာ ပွဲထွက် လာခဲ့ရတာကို အကောင်းဆုံး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပါတယ် ။ အခွင့်သင့်သလို တိုက််စစ်ကိုလည်း ကူညီပေးနိုင်ခဲ့ပါတယ် ။

ဒါးလော့ (6)

ဘယ် ခံစစ်မှာ ကစားခွင့် ရခဲ့တာ ကံကောင်းခဲ့တယ်လို့ ဆိုရပါ့မယ်။ ညာခံစစ်သာ ကစားခဲ့ရရင် မီတိုမာကို ထိန်းဖို့ ရုန်းကန်ရမှာ အသေအချာပါပဲ ။ သာမန် ခြေစွမ်းသာ ပြနိုင်ခဲ့ပါတယ် ။

ကာစီမီရို (6)

ကွင်းလယ်မှာ အလစ္စတာ နဲ့ ကိုင်စီဒို တို့ကို ထိန်းချုပ်နိုင်ဖို့ အတော်လေး ကြိုးစားခဲ့ရပါတယ် ။ အဝါကဒ် ပြသခံခဲ့ရပါတယ် ။

အဲရစ်ဆင် (5)

ဘရူနို အတွက် အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့သလို ပထမပိိုင်း အပြီးမှာ ဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ် ။ အဲ့တာကလွဲရင် မထူးကဲတာ များခဲ့ပါတယ် ။

ဘရူနို (6)

ယူနိုက်တက်အတွက် ပထမဆုံး အခွင့်အရေးကို ဖန်တီးပေးနိုင်ခဲ့သလို တိုက်စစ်ရော ခံစစ်မှာပါ ပါဝင်ပတ်သက်ခဲ့ပါတယ် ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ခဲ့ပါဘူး ။

အန်တိုနီ (6)

ဘောလုံးကိုင်ကစားပုံ ကောင်းခဲ့ပြီး အရင်လို မလိုအပ်ပဲ ဘောလုံးကိုင်တာ ၊ အလှပြတာတွေ မလုပ်ခဲ့ပါဘူး ။ တစ်ကိုယ်ကောင််းဆန်တဲ့ ကန်ချက်တွေ ပြုလုပ်ခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (6)

ပထမပိုင်း အတွင်း ခြေစွမ်းမပြနိုင်ပဲ ပျောက်ဆုံးနေခဲ့ရပါတယ် ။ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပြီး ဖရီးကစ် ရရှိစေနိုင်ခဲ့သလို ဂိုးပေါက်လည်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ် ။

မာရှယ် (3)

ကွင်းလယ်အထိဆင်းပြီး ဘောလုံးလိုက်လုတာတွေ ရှိခဲ့ပါတယ် ။ ဒါပေမဲ့ တိုက်စစ်ပိုင်းမှာတော့ ပျောက်ဆုံးနေခဲ့ပြီး အံဝင်အောင် မကစားပေးနိုင်ခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ…

ဖရက်ဒ် (6)
ဆန်ချို (6)
ဆာဗစ်ဇာ (6)
မာလာစီယာ (5)
ဝဂ်ဟော့စ် (6)

#Sports_Myanmar