ရီးယဲလ်မက်ဒရစ် Vs ဘိုင်ယန်မြူးနစ် ပွဲမှာ ဘယ်အသင်း ဖိုင်နယ် တက်လှမ်းသွားမလဲ ခန့်မှန်းလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ဘာနေဗျူးမှာ ကစားမယ့် ရီးယဲလ်မက်ဒရစ် Vs ဘိုင်ယန်မြူးနစ် အသင်း ပွဲမှာ ဗိုလ်လုပွဲ ကို တက်လှမ်း သွားမယ့် အသင်းဟာ ဘယ်အသင်း ဖြစ်မလဲ ဆိုတာ ခန့်မှန်း သုံးသပ် ပေးသွားခဲ့ပါတယ် ။

ပထမ‌အကျော့ တစ်ဖက် နှစ်ဂိုးစီ သရေကျထားတဲ့ ရီးယဲလ်မက်ဒရစ် Vs ဘိုင်ယန်မြူးနစ် အသင်း ပွဲမှာ အနိုင်ရတဲ့ အသင်းဟာ ဗိုလ်လုပွဲမှာ ဒေါ့မွန် အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ ဖာဒီနန် ကတော့ TNT Sports မှာ ဒေါ့မွန် အသင်း နဲ့ ဖိုင်နယ် မှာ ထိပ်တိုက် တွေ့ဆုံမယ့် အသင်းကို ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ် ။

” သွင်းဂိုးတွေ မြင်တွေ့ရမယ့် ပွဲလို့ မြင်ပါတယ် ၊ နှစ်သင်းစလုံးမှာ အန္တရယ် ပေးနိုင်တဲ့ ကစားသမားတွေ ကိုယ်စီ ရှိနေကြပါတယ် ။ ကျနော် မနေ့က ပီအက်စ်ဂျီ ဖိုင်နယ် တက်မယ် ပြောတာ မှားသွားခဲ့ပါတယ် ၊ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ် ကိုတော့ ကျနော် အပြည့်အဝ ယုံကြည်ပါတယ် ။ ”

” သူတို့ရဲ့ ကွင်း ၊ သမိုင်းကြောင်း အစဉ်အလာ နှင့် ပရိသတ် အားပေးမှုတွေအရ သူတို့ ဖိုင်နယ် ကို တက်ပါလိမ့်မယ် ။ ဒါပေမဲ့ နှစ်သင်း စလုံး အတွက် ချန်ပီယံ ဖြစ်ဖို့ အခွင့်အလမ်းကောင်း ရှိနေပါတယ် ၊ ဒေါ့မွန် ကို မလေးမစား ပြောတာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဒီပွဲမှာ ဘယ်အသင်းပဲ တက်တက် ဒေါ့မွန် ကို အနိုင်ရအောင် ကစား နိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM