နွေရာသီမှာ အိုးထရပ်ဖို့ဒ်ကနေ ထွက်ခွာရန် မန်ချက်စတာယူနိုက်တက် စတားကို တိုက်တွန်းလိုက်တဲ့ ကာရေဂါ

 

ဂျေမီကာရေဂါက ကတ်စမီရိုဟာ top level မှာ နောက်ဆုံးကစားရန် ၃ ပွဲသာ လိုတော့တယ်လို့ ဆိုလိုက်ပြီး ဘရာဇီး ကွင်းလယ်လူ အနေနဲ့ နွေရာသီမှာ မန်ယူနိုက်တက် ကနေ ထွက်ခွာသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ မနေ့ညက ယူနိုက်တက်တို့ ပဲလေ့စ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ ကစားပုံကို ပြသခဲ့ပါတယ်။

ဘရာဇီး ကွင်းလယ်လူဟာ ယူနိုက်တက်ရဲ့ ခံစစ် ဒဏ်ရာ ပြသနာတွေကြောင့် ဗဟိုခံစစ်မှာ ဆင်းကန်ခဲ့ရပြီး အိုလစ်စ်ရဲ့ ဂိုးမှာ အမှားကျူးလွန်ခဲ့ပါတယ်။ ကာရေဂါက အမြင့်ဆုံး level မှာ ကစားနေတဲ့ ကတ်စမီရိုရဲ့ အချိန်တွေဟာ မကြာမီမှာပဲ ကုန်ဆုံးတော့မယ်လို့ ပြောလိုက်ပါတယ်။

ကာရေဂါက “ကျနော် ပထမပိုင်း အပြီးမှာ ပြောခဲ့ပါတယ်။ တန်းဟတ် အနေနဲ့ ကတ်စမီရိုကို လူစားလဲပစ်သင့်တယ် ဆိုပြီးတော့ပါ။ ယူနိုက်တက်ရဲ့ အရန်ခုံမှာ ကလေးတွေပဲ ရှိနေတာကို ကျနော် သိပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိ ကစားသမာ တစ်ဦး ဖြစ်တဲ့ ကတ်စမီရို အနေနဲ့ ဒီည သူ့ရဲ့ ကစားပုံကို သေချာပြန်လည် သုံးသပ်ပြီး သူ့အနေနဲ့ top level မှာ နောက်ထပ် ၃ ပွဲလောက်ပဲ ထပ်ကစားသင့်တယ်ဆိုပြီး သိနေသင့်တယ်လို့ ကျနော်ထင်ပါတယ်။

LONDON, ENGLAND – MAY 06: Jonny Evans of Manchester United looks dejected as he looks back towards Casemiro and Diogo Dalot after Tyrick Mitchell of Crystal Palace (not pictured) scored his team’s third goal during the Premier League match between Crystal Palace and Manchester United at Selhurst Park on May 06, 2024 in London, England. (Photo by Justin Setterfield/Getty Images)

‘ငါ မေဂျာလိဂ် ဒါမှမဟုတ် ဆော်ဒီလိဂ်ကို သွားကစားသင့်ပြီ’ ဆိုပြီး သူ တွေးနေသင့်ပါတယ်။ ကျနော် တကယ်ပြောတာပါ။ သူ့ရဲ့ အေးဂျင့်နဲ့ အသင်းက လူတွေ အနေနဲ့ သူ့ကို ပြောပြဖို့ လိုအပ်ပါတယ်။ ဒါကို ရပ်တန့်ရတော့မှာပါ။ ကျနော်တို့ဟာ မော်ဒန်ခေတ်ရဲ့ အကြီးကြယ်ဆုံး ကစားသမားတွေထဲက တစ်ဦး ၊ တိုနီခရူးစ် မိုဒရစ် တို့နဲ့ အတူ ဥရောပကို လွှမ်းမိုးနိုင်ခဲ့ပြီး ကျနော်တို့ အားလုံး နှစ်သက်ကြတဲ့ ဘူ့စ်ကွက် ဇာဗီ အင်နီယေစတာ စတဲ့ ဘာစီလိုနာ ကွင်းလယ် အတွဲကို ကောင်းကောင်း ယှဉ်နိုင်တဲ့ ရီးရဲယ် ဂန္တ၀င် ကွင်းလယ်အတွဲထဲက လူတစ်ဦး အကြောင်းကို ပြောနေတာပါ။ သူဟာ တကယ့်ကို Great ဖြစ်ခဲ့ပါတယ်။

သူဟာ ရီးရဲယ်မက်ဒရစ် နဲ့ အတူ ချန်ပီယံလိဂ် အပါအ၀င် ဆုဖလားတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ပြီး ဘရာဇီး အတွက် ကစားပေးခဲ့သူပါ။ ကျနော် သူ့ရဲ့ အောင်မြင်မှုနဲ့ တခြားစီပါ။ ဒါပေမယ့် ‘ဘောလုံးက ကိုယ့်ကို မထားပြီး ဘောလုံးကို ထားခဲ့ပါ’ ဆိုတဲ့ စကားကို ကျနော် အမြဲမှတ်မိနေပါတယ်။ ကတ်စမီရိုကို top level football က ထားခဲ့ပါပြီ။ သူ့အနေနဲ့ ဒီ level မှာ ကစားတာကို ရပ်ပြီး ထွက်ခွာသင့်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။