တန်ဟက်ကို ထုတ်ပယ်ပြီး မန်ယူနိုက်တက် အသင်း ဘယ်သူ့ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်သင့်သလဲ ‌ဆိုတာ အကြံပေးလိုက်တဲ့ အိုဝင်

မိုက်ကယ် အိုဝင် က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ လက်ရှိ နည်းပြ အဲရစ် တန်ဟက် ကို ထုတ်ပယ်ပြီး စတိဗ်မက္ကလာရင် ကို ယာယီ နည်းပြ အဖြစ် ရာသီကုန် အထိ ခန့်အပ် သင့်တယ်လို့ အကြံပေး ပြောကြား သွားခဲ့ပါတယ် ။

ယူနိုက်တက် အသင်းဟာ ယနေ့ နံနက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ခရစ္စတယ်ပဲလေစ့် အသင်းကို လေးဂိုးပြတ် အရေးနိမ့် သွားခဲ့ပြီး ဥရောပ ပြိုင်ပွဲ ဝင်ခွင့် စိုးရိမ် ရတဲ့ အနေအထား ရောက်ရှိ သွားခဲ့ပါတယ်။ အိုဝင် ကတော့ မန်ယူနိုက်တက် ရဲ့ ဒီနှစ် ဘောလုံး ရာသီကို ကယ်တင် နိုင်ဖို့ရာ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ် နေပြီး တန်ဟက် ရဲ့ လက်ထောက် နည်းပြ မက္ကလာရင် ကို ယာယီ နည်းပြ အဖြစ် ခန့်အပ် သင့်ပြီလို့ ဆိုလိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား အဆင့် ၈ နေရာကို ရောက်ရှိနေပြီး လက်ကျန် ၃ ပွဲမှာ အာဆင်နယ် ၊ ဘရိုက်တန် ၊ နယူးကာဆယ် တို့နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။ အိုဝင် က premier league productions မှာ ” တန်ဟက် က မန်ယူနိုက်တက် နည်းပြ ရာထူး အတွက် သင့်တော်တဲ့သူ မဟုတ်ဘူးလို့ ကျနော် ပြောနေခဲ့တာ ကြာပါပြီ ။ သူက လာမယ့် ရာသီမှာလည်း ဒီအသင်းကို ကိုင်တွယ် နိုင်စွမ်း မရှိပါဘူး ။ ”

LONDON, ENGLAND – MAY 06: Jonny Evans of Manchester United looks dejected as he looks back towards Casemiro and Diogo Dalot after Tyrick Mitchell of Crystal Palace (not pictured) scored his team’s third goal during the Premier League match between Crystal Palace and Manchester United at Selhurst Park on May 06, 2024 in London, England. (Photo by Justin Setterfield/Getty Images)

” သူတို့ ဖလား ဗိုလ်လုပွဲလည်း ကစားဖို့ ရှိသလို လာမယ့် ဘောလုံး ရာသီ ဥရောပ ပြိုင်ပွဲ ကစားခွင့် ရမက ကို အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ပွဲတွေလည်း ကစားရဖို့ ရှိပါတယ် ။ သူတို့ အနေနဲ့ ဆုံးဖြတ်ချက် တစ်ခုခုတော့ ချဖို့ လိုအပ် နေပါပြီ ၊ ဖိုင်နယ် မှာ စီးတီး ရဲ့ ရေလည် ချေမှုန်းခြင်းကို ခံရပါဦးမယ် ၊ အာဆင်နယ်ကလည်း အိုးထရက်ဖိုဒ့် မှာ အပြတ်ကြိတ်ပါလိမ့်မယ် ၊ နယယူးကာဆယ် ကလည်း သူတို့ကို နိုင်မှာပါ ၊ သူတို့ ဘရိုက်တန် ကို နိုင်လိမ့်မယ်လို့တောင် ကျနော် မပြောရဲပါဘူး ။ ”

” ဒီလိုသာ ကစားနေမယ်ဆို လက်ကျန် ပွဲတွေမှာ ဘာမှ ရမှာ မဟုတ်ပါဘူး ။ လေးပွဲ ပဲ ကျန်တော့တယ်ဆိုပေမယ့် ဘုတ်အဖွဲ့ အနေနဲ့ တစ်ခုခု လုပ်သင့်ပါပြီ ၊ တန်ဟက် က ဒီ အသင်းကို စီမံ ကိုင်တွယ် နိုင်စွမ်း မရှိပါဘူး ၊ သူက ယူနိုက်တက် ကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ အရည်အချင်း မရှိပါဘူး ။ လက်ကျန်လေးပွဲမှာ မက္ကလာရင် ကိုပဲ ကိုင်တွယ် စေချင်ပါတော့တယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM