အရှုံးစံချိန်တင်တဲ့ မန်ယူနိုက်တက် ၊ နွေရာသီ အကြို ခြေလှမ်းတွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲစဉ်မှာ အိမ်ရှင် အသင်းကို ၄-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တာကြောင့် အဆင့် ၈ မှာသာ ဆက်လက် ရပ်တည်နေခဲ့ပါတယ် ။

မန်ယူနိုက်တက် ဟာ ဒီရာသီမှာ အမှတ်ပေး ရှုံးပွဲ ၁၃ ပွဲ အထိ ရှိလာခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ် ဖြတ်သန်းမှု သမိုင်းမှာ အဆိုးရွားဆုံး ရာသီအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ် ။

ယူနိုက်တက် ဟာ ဒီရာသီမှာ လန်ဒန် ကလပ်တွေကို ၅ ကြိမ်အထိ အရေးနိမ့်ထားသလို ခရစ္စတယ် ပဲလေ့စ် ကိုလည်း သမိုင်း တလျောက် ပထမဆုံး အကြိမ်အဖြစ် အိမ်ကွင်း အဝေးကွင်း ၂ ကျော့စလုံး အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ် ။

 

မန်ယူနိုက်တက် ဟာ ဒီရာသီမှာ ၈၁ ဂိုး ( ပြိုင်ပွဲစုံ ) အထိ ခွင့်ပြု ထားခဲ့ရပြီး ဒါဟာလည်း ၁၉၇၆ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်းလည်း ဖြစ်လာခဲ့ပါတယ် ။

 

မန်ယူနိုက်တက် ဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ကွင်းလယ် ခံစစ်မှူး ကက်စမဲရိုး နဲ့ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ဂျွန်နီ အီဗန် တို့ကို ခံစစ်မှာ အတူ ပွဲထုတ်ခဲ့ရပြီး ၂ ယောက်စလုံး ဆိုးဆိုးရွားရွား ဖြစ်ခဲ့ကြပါတယ် ။

အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတော့ ဒဏ်ရာကြောင့် မနေ့ညက ပွဲကို လွဲချော် ခဲ့ရပြီး ဒါဟာ ပေါ်တူဂီသားရဲ့ ဘောလုံးသမားဘ၀ မှာ ဒဏ်ရာကြောင့် လွဲချော်ရတဲ့ ပထမဆုံးပွဲစဉ် ဖြစ်လာခဲ့ရပါတယ် ။ိ

LONDON, ENGLAND – MAY 06: Jonny Evans of Manchester United looks dejected as he looks back towards Casemiro and Diogo Dalot after Tyrick Mitchell of Crystal Palace (not pictured) scored his team’s third goal during the Premier League match between Crystal Palace and Manchester United at Selhurst Park on May 06, 2024 in London, England. (Photo by Justin Setterfield/Getty Images)

အပြောင်းအရွှေ့ သတင်းတွေကတော့ ဒေါ့မွန် အသင်းဟာ အီကွေဒေါ လူငယ် ကြယ်ပွင့် ဂျပ်စတင် လာမာ ကို ခေါ်ယူ စာချုပ် နိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ် ။

 

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ နဲ့ သက်ဆိုင်သူတွေကတော့ ဘိုင်ယန်မြူးနစ် နည်းပြ ရာထူး နဲ့ ပတ်သက်လို့ ငြင်းဆန် သွားခဲ့ပြီး ဂွာဒီယိုလာ ဟာ မန်စီးတီး နဲ့ စာချုပ်ရှိတဲ့ ၂၀၂၅ အထိ အစ်တီဟတ်မှာ ဆက်ရှိနေသွားမယ်လို့ အကြောင်းပြန်ခဲ့ ပါတယ် ။

 

မန်စီးတီး ဟာ ဒီရာသီ ဂျီရိုနာ မှာ ပုံစံကောင်း ပြသနေတဲ့ ဘရာဇီး ကစားသမားလေး ဆာဗီယို ကို လာမယ့် ရာသီမှာ အသင်းထံ ပြန်လည် ခေါ်ဆောင်ဖို့ သဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ နည်းပြ ဒေးဗစ် မိုရက်စ် နဲ့ ရာသီအကုန်မှာ လမ်းခွဲမယ်လို့ တရားဝင် ထုတ်ပြန်လာခဲ့ပြီး ဝုဗ် နည်းပြ လိုပီတီဂွီ ကို အစားထိုး ခန့်အပ်ဖို့ သဘောတူညီမှု ရရှိထားပြီလို့လည်း ကြားသိရပါတယ် ။

 

ဘွန်ဒစ်လီဂါ ချန်ပီယံ လေဗာကူဆင် အသင်းကတော့ ဂျီရိုနာ ကွင်းလယ်လူ အလစ်ဆ် ဂါစီယာ ကို နွေရာသီ မှာ ခေါ်ယူနိုင်ဖို့ စာရင်းပြုစု ထားတယ်လို့ သိရပါတယ် ။

 

လီဗာပူး ခံစစ်မှူး ဗန်ဒိုက် ကတော့ သူ့ရဲ့ အန်ဖီးလ် အနာဂါတ် အတွက် မသေချာသေးဘဲ လက်ရှိမှာ အသင်း ကလည်း အလုပ်များနေတာကြောင့် ရာသီပြီးဆုံးဖို့ကိုသာ အဓိက အာရုံစူးစိုက် ထားပါတယ်လို့ ဖြေကြား သွားခဲ့ ပါတယ် ။

Soccer Football – Premier League – Liverpool v Manchester United – Anfield, Liverpool, Britain – December 17, 2023 Liverpool manager Juergen Klopp and Virgil van Dijk react after the match REUTERS/Molly Darlington

နယူးကာဆယ် အသင်းကတော့ ပဲလေ့စ် တောင်ပံ ကစားသမား မစ်ချယ် အိုလိစ် ကို နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ် ထားနေတယ်လို့ သိရပါတယ် ။

 

ဒဏ်ရာကြောင့် နားနေရတဲ့ ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမား ကင်းစလေ ကိုးမန်း ဟာ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီး ယူရို ပြိုင်ပွဲ ကို ပြင်သစ် အသင်းနဲ့ ပါဝင် ကစားနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်

 

SPORTS MYANMAR