ချန်ပီယံလိဂ် ဝင်ခွင့်ရသွားသူများ ၊ အကြိတ်အနယ် ဆီမီးဖိုင်နယ်တွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာတော့ ဒေါ့မွန် ဟာ PSG အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ PSG ကတော့ ဒုတိယအကျော့ မှာ ဒီရလဒ် ကို ပြောင်းလဲနိုင်ဖို့ အားထုတ်ရတော့မှာပါ ။

ဒီနိုင်ပွဲကြောင့် ဂျာမန်လိဂ် ရဲ့ UEFA Coefficient ရမှတ်ဟာ အင်္ဂလိန်လိဂ် က လိုက်မမီနိုင်တဲ့ အထိ ရောက်ရှိ သွားခဲ့ပြီး ( အက်စတွန် ဗီလာ ကွန်းဖရင့်စလိဂ်မှာ ဗိုလ်စွဲသည့်တိုင်အောင် ) လာမယ့် နှစ် ချန်ပီယံလိဂ် ကို ၅ သင်း ဝင်ခွင့် တရားဝင် ရရှိသွားခဲ့ပါတယ် ။

 

ဒါကြောင့် လက်ရှိ ဘွန်ဒစ်လီဂါ အမှတ်ပေး ဇယားရဲ့ အဆင့် ၃ ၊ ၄ နဲ့ ၅ က စတုဂတ် ၊ လိုက်ပ်ဇစ် နဲ့ ဒေါ့မွန် တို့ဟာ ၂၀၂၄-၂၅ ချန်ပီယံလိဂ် ကို တိုက်ရိုက်ဝင်ခွင့် ရရှိသွားခဲ့ကြသလို အီတလီ စီးရီးအေ ဟာလည်း ဝင်ခွင့် ၅ နေရာ အထိ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အယ်လ်နက်ဆာ အသင်းကတော့ မနေ့ညက ပွဲကို အနိုင် ကစားခဲ့ပြီး ဆော်ဒီ ဘုရင့် ဖလား ဗိုလ်လုပွဲ ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ အဆိုပါ ပွဲမှာ ကိုယ်တိုင် ၂ ဂိုး သွင်းယူခဲ့သလို ပင်နယ်တီ ကိုလည်း မာနေး ကို ပေးကန်သွင်းစေခဲ့ပါတယ် ။

 

ရီးရဲ ဂန္ထဝင်ကြီး မာဆယ်လို ရဲ့ သားဖြစ်သူ အန်ဇို အဲလ်ဗက်စ် ဟာ ရီးရဲမက်ဒရစ် အသင်းနဲ့ စာချုပ် ချုပ်ဆို ုလိက်တယ်လို့ သိရှိရပါတယ် ။

 

နယူးကာဆယ် ဟာ အခု ရာသီအကုန်မှာ ဖူလ်ဟမ် နဲ့ လမ်းခွဲတော့မယ့် နောက်ခံလူ အာဒရာဘိုင်အိုယို ကို ခေါ်ယူ နိုင်ဖို့ စတင် လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။

 

ဘိုင်ယန်မြူးနစ် အသင်းဟာ ရပ်ဖ်ရန်းနစ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သေချာသလောက် ရှိနေ ပေမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ မကစားခင်မှာ ဒီဆုံးဖြတ်ချက် ကို ထုတ်ဖော် ကြေညာဖွယ် မရှိဘူးလို့ သိရပါတယ် ။

 

ပြင်သစ် လက်ရွေးစင် နည်းပြ ဒက်ချမ့်စ် က တိုက်စစ်မှူးကြီး အိုလီဗာ ဂျီရူး ဟာ လာမယ့် ရာသီမှာ အမေရိက ကို ပြောင်းရွှေ့ပြီး မေဂျာလိဂ် ကလပ် LAFC မှာ ကစားသွားမှာ ဖြစ်တယ်လို့ ထပ်လောင်း အတည်ပြုပေးသွားခဲ့ ပါတယ် ။ ဒီလိုမျိုး အမေရိက ကို သွားရောက် ကစားမှုဟာ ပြင်သစ် လက်ရွေးစင်မှာ ပါဝင် နိုင်ခွင့်ကို အနည်းအများ ထိခိုက်နိုင်တယ်လို့လည်း ဒက်ချမ့်စ် က ပြောဆိုသွားခဲ့ ပါတယ် ။

 

ဒေါ့မွန် အသင်းဟာ လီဗာပူး ကနေ နှုတ်ဆက် လမ်းခွဲလာမယ့် နည်းပြကြီး ဂျာဂင် ကလော့ ကို သူတို့ဆီ ပြန်ခေါ်ဆောင်ဖို့ စိတ်ကူးနေပြီး ၂၀၂၅ မှာ နည်းပြသစ် အဖြစ် ကမ်းလှမ်းဖို့ စိတ်ကူးနေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

PSV မှာ အငှားထွက် ကစားနေတဲ့ ဘာစီလိုနာ နောက်ခံလူ ဆာဂျီနို ဒက်စ် ဟာ ပြင်းထန်တဲ့ အရွတ် ဒဏ်ရာကြောင့် ၂၀၂၄ တစ်နှစ်လုံးကုန်တဲ့ အထိ အနားယူရတော့မယ်လို့ သိရပါတယ် ။ ဒက်စ် ရဲ့ ကာလရှည် ဒဏ်ရာ ရရှိမှုဟာ PSV ရဲ့ အပြီးသတ် ဝယ်ယူမယ့် အစီအစဉ်ကိုလည်း ပျက်ဆီးသွားစေခဲ့ပါတယ် ။

 

အင်္ဂလန် အမျိုးသမီး စူပါလိဂ် မှာတော့ လီဗာပူး အသင်းဟာ ချဲလ်ဆီး အသင်းကို အိမ်ကွင်းမှာ ၄-၃ နဲ့ အနိုင် ကစားလိုက်တာကြောင့် မန်စီးတီး အသင်းက အဆင့် ၁ နေရာကနေ ( ၁ ပွဲပို ) ၄ မှတ်အထိ ဖြတ်ခွင့် ရရှိသွားခဲ့ကာ အမှတ်ပေး ချန်ပီယံဖြစ်ဖို့ အလေးသာသွားခဲ့တယ်လို့ ကြားသိရပါတယ် ။

 

SPORTS MYANMAR