တန်းဆင်းသွားကြသူများ ၊ ဥက္ကဌဖြစ်လာတဲ့ ဘိုအာ့စ် ၊ စာချုပ်သက်တမ်းတိုးတဲ့ ကြယ်ပွင့်လေးတို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာတော့ ရှက်ဖီး ယူနိုက်တက် ဟာ ချန်ပီယံရှစ် ဆီကို တနိးဆင်းသွားခဲ့ရပါတယ် ။ ရှက်ဖီး ဟာ နယူးကာဆယ် ကို ၈-၀ နဲ့ ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်ခဲ့ရတာပါ ။ အဆင့် ၁၉ က ဘန်လေ ကတော့ မန်ချက်စတာ ယူနိုက်တက် ဆီကနေ ၁ မှတ်ခွဲယူနိုင်ခဲ့ ပါတယ် ။ လီဗာပူး ကတော့ ဝက်စ်ဟမ်း နဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး ချန်ပီယံ မျှော်လင့်ချက်နဲ့ ဝေးသထက် ဝေးလာခဲ့ရပါတယ် ။ ချဲလ်ဆီး ကလည်း အက်စတွန် ဗီလာ နဲ့ ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ် ။

စပိန် လာလီဂါ မှာလည်း အယ်လ်မာရီယာ အသင်းဟာ ဒုတိယတန်း ကို တန်းဆင်းသွားခဲ့ရပါတယ် ။
PSG ကတော့ သရေ ပွဲကြုံတွေ့ သွားခဲ့တာကြောင့် ချန်ပီယံ ပါတီကို နောက်တပတ်ထဲ ရွှေ့ဆိုင်းလိုက်ရ ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြူးနစ် က ဖရန့်ဖတ် ကို ၂-၁ နဲ့ အနိုင် ကစားခဲ့ပြီး ဟယ်ရီကိန်း က ဘိုင်ယန် အတွက် ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ကာ ဥရောပ ရွှေဖိနပ်ဆုအတွက် ပိုမို အလေးသာသွားစေခဲ့ပါတယ် ။
လေဗာကူဆင် ကတော့ ရှုံးပွဲမရှိ ရာသီကို ဆက်လက် ဦးတည်နေပြီး စတုဂတ် အသင်းကို ၉၀+၆ မိနစ် သွင်းဂိုးနဲ့ သရေ ရလဒ် ရယူနိုင်ခဲ့ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ လာဇီယို တို့ နိုင်ပွဲ ရခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမယ့် အဆင့် ၅ နေရာက ရိုးမား အသင်းကို ၃ မှတ်အကွာကနေ ဖိအားပေးလာနိုင်ခဲ့ပါတယ် ။

အင်္ဂလန် ချန်ပိယံရှစ် မှာတော့ အစ်ပ်ဆွစ် အသင်း သရေရလဒ် ထွက်ပေါ်ခဲ့ပြီး လိဒ်ယူနိုက်တက် ကို ၁ ပွဲလျော့ ၊ ရမှတ်တူနဲ့ ဖိအားပေးလာနိုင်ခဲ့ ပါတယ် ။ ဒီရလဒ်ကြောင့် အဆင့် ၁ က လက်စတာ တို့ ချန်ပီယံဖြစ်လို့ သေချာ သလောက် ရှိလာခဲ့ပြီး လက်ကျန် ၂ ပွဲမှာ ၃ မှတ် ရရုံနဲ့ အောင်ပွဲခံနိုင်တော့မှာပဲ ဖြစ်ပါတယ် ။

PSG ကတော့ လူငယ် ကြယ်ပွင့်လေး ဝါရန် ဇိုင်ရီ အမ်မရီ ကို ၂၀၂၉ ခုနှစ် အထိ ကာလရှည် စာချုပ်သစ် ချုပ်ဆို လိုက်ပြီလို့ သိရပါတယ် ။

ချဲလ်ဆီး နဲ့ စပါး နည်းပြဟောင်း အန်ဒရီ ဗီလက်စ် ဘိုအာ့စ် ကတော့ ပေါ်တို အသင်းရဲ့ ဥက္ကဌသစ် ဖြစ်လာတယ်လို့ သိရပါတယ် ။

SPORTS MYANMAR