ပရီးမီးယားလိဂ် ဂန္တဝင်တွေထက် ပိုကောင်းတဲ့ ကစားသမား အမည်ကို ထုတ်ပြောလိုက်တဲ့ ရက်နပ်

 မန်စီးတီး အသင်းဟာ အိမ်ကွင်း မာကျောတဲ့ ဘရိုက်တန် အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး 0 – 4 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ရယူသွားနိုင်ခဲ့ကာ အမှတ်ပေး ဖလား 4 ကြိမ်မြောက် ဆွတ်ခူးရေး အိပ်မက်ကို အသက်သွင်းနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်စီးတီး အတွက် အဖွင့်ဂိုးကို ကွင်းလယ်လူ ဒီဘရိုင်း က သွင်းယူခဲ့တာဖြစ်ပြီး နောက်ထပ် ဂိုးတွေကိုတော့ ဖိုဒန် (2) ၊ အယ်လ်ဗာရတ် တို့က သွင်းယူသွားခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာ ဒီဘရိုင်း ရဲ့ ခေါင်းတိုက်ချက်က တကယ့်ကို လှပခဲ့ပါတယ် ။

အခုတော့ ရော်ဘင် ဗန်ပါစီ နဲ့ ခိုင်းနှိုင်းခံနေခဲ့ရတဲ့ ဒီဘရိုင်း ရဲ့ သွင်းဂိုးကို မြင်တွေ့ခဲ့ရပြီးနောက် ဂျေမီ ရက်နပ် က ဘယ်လ်ဂျီယံသားကို ချီးကျူးသွားခဲ့လိုက်ပြီး သူဟာ ပရီးမီးယားလိဂ် ဂန္တဝင် ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဂျရတ် ၊ လမ်းပတ် ၊ ဆေးလ်ဗား ၊ တိုးရေး တို့ထက် ပိုသာကြောင်း အမွှမ်းတင်ခဲ့လိုက်ပါတယ် ။

” ကယ်ဗင် ဒီဘရိုင်း… ကျွန်တော်တို့ဟာ စတီဗင် ဂျရတ် ၊ ဖရန့် လမ်းပတ် ၊ ဒေးဗစ် ဆေးလ်ဗား ၊ ယာယာ တိုရေး တို့လို မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ ကွင်းလယ်တိုက်စစ် ကစားသမားတွေကို မြင်ခဲ့ဖူးပါတယ်။ ကျွန်တော့်အတွက်တော့ ဒီဘရိုင်း ဟာ သူတို့ထဲက နံပါတ် တစ် ပါပဲ ”

” သူ့ရဲ့ လုပ်ဆောင်ချက် အချို့ဟာ ကမ္ဘာ့ အပြင်က လူ တစ်ဦးလိုပါပဲ ။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရောက်လာခဲ့တဲ့နောက် သူရဲ့ ကစားသမားဘဝ တစ်လျောက် လုပ်ပြခဲ့တဲ့ အကွက်မြင်တဲ့ ပေးပို့မှုတွေ… ဒီလို လုပ်ပြနိုင်တဲ့ ကစားသမား များများစားစား မရှိပါဘူး ”

” သူဟာ ဂိုးတွေကိုလည်း ပုံစံမျိုးစုံနဲ့သွင်းယူနိုင်သူ တစ်ဦးပါပဲ ။ သူ့ဆီက ဒိုက်ဗင်ထိုးတဲ့ ခေါင်းတိုက် ဂိုးသွင်းယူမှုမျိုး ကျွန်တော် လုံးဝကို မျှော်လင့်မထားခဲ့ပါဘူး ။ ကျွန််တော် သူ့ကို စောင့်ကြည့်ရတဲ့အခါတိုင်း အကြွေးတင်မိပြီလို့ ခံစားခဲ့ရတာချည်းပါပဲ ”

” လူငယ် ကစားသမား တစ်ဦးအတွက် role model တွေ တကယ်ပဲ လိုအပ်လှပါတယ် ။ ဖီးလ် ဖိုဒန် လို လူငယ် တစ်ဦးအတွက် ကယ်ဗင် ဒီဘရိုင်း လို ကစားသမား တစ်ဦးကို နေ့စဥ် မြင်တွေ့နေရတာက တကယ့်ကို ကောင်းမွန်လှပါတယ် ” လို့ ရက်နပ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#SM