ဆီဗီလာ နဲ့ အဆုံးအဖြတ် ပွဲစဥ် မတိုင်မီ အဝတ်လဲခန်းထဲမှာ အသင်းသားတွေ ဘယ်လို mood ဖြစ်နေကြလဲဆိုတာ ရှင်းပြလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က စပိန်မြေမှာ ဆီဗီလာ အသင်းနဲ့ ရင်ဆိုင််ရမယ့် ယူရို ပါလိဂ် ဒုတိယ အကျော့ အဆုံးအဖြတ် ပွဲစဥ်မတိုင်မီ အဝတ်လဲခန်းမှ အသင်းသားတွေရဲ့ mood ဟာ အံ့ဖွယ် ဖြစ်နေခဲ့ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်တုန်းက အိုးလ် ထရပ်ဖို့ဒ် မှာ ဆီဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 2 ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ ပွဲချိန် 80 ကျော် မိနစ်မှာ ပေးခဲ့လိုက်ရတဲ့ သွင်းဂိုး နှစ်ဂိုးကြောင့် သရေ ရလဒ်သာ ရယူနိုင်ခဲ့ပါတယ် ။

အဆိုပါ သွင်းဂိုး နှစ်ဂိုးလုံးက တိုင်ရယ် မာလာစီယာ ၊ မက်ဂွားယား တို့ကြောင့် ပေးလိုက်ရတဲ့ own goal တွေ ဖြစ်နေခဲ့ရတာက ယူနိုက်တက် ပရိသတ်တွေ အတွက် စိတ်ပျက််စရာချည်း ဖြစ်ခဲ့ရပါတယ် ။ အခုတော့ စပိန်မြေည ဒီိည အဆုံးအဖြတ် ခံယူရပါတော့မယ် ။

ယခင်တုန်းကတော့ စပိန်မြေဆိုတာ ယူနိုက်တက်တို့ အတွက်် ရလဒ်ကောင်း ရယူနိုင်ဖို့ ခက်ခဲတဲ့ နေရာ ဖြစ်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ယူနိုက်တက်တို့ ယူရို ပါလိဂ် ပြိုင်ပွဲကြီး တစ်လျှောက်မှာ ယူနိုက်တက်တို့ဟာ စပိန် အသင်းတွေကို ကျော်ဖြတ်ပြီး ဒီအဆင့် ရောက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ နောက်တစ်ကြိမ် ဒါကို လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ အဆိုပါ ပွဲစဥ် မတိုင်မီမှာတော့ အဲရစ် တန်ဟတ် က အဝတ်လဲခန်းထဲမှာ အသင်းသားတွေဟာ mood ကောင်းမွန်နေခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” အရမ်း ကောင်းနေခဲ့ပါတယ် ။ သူတို့တွေဟာ ဒီပွဲစဥ်ကို ရှေးရှုနေခဲ့ကြတာပါ ။ သူ့တို့တွေရဲ့ စိတ်အနေအထားဟာ အံ့ဖွယ်် ဖြစ်နေခဲ့တယ်လို့ ထင်မိပါတယ် ။ ကျွန်တော်တို့ ဒီိမှာ ဘာကြောင့် ရှိနေကြသလဲဆိုတာကို ကောင်းကောင်းကြီး သိပါတယ် ”

” ကျွန်တော်တို့ သရေကျခဲ့ကြတယ် ။ ဒါကြောင့် ဒီပွဲစဥ်မှာ သေချာပေါက် အနိုင်ပြန်ရဖို့ လိုအပ်နေပါတယ်။ ကျွန််တော်တို့ နောက်တစ်ဆင့်ကို တက်ချင်ကြတယ်လေ ။ ဒီပွဲအပြီးတုန်းက ငါတို့ကိုယ် ငါတို့ မှန်ထဲပြန်ကြည့်သင့်တယ်လို့ သူတို့ကို ပြောဆို သတိပေးဖြစ်ခဲ့ပါသေးတယ် ”

” ဒါပေမဲ့ ကျွန်တော်တို့ဖက်မှ ကံမကောင်းခြင်းတွေပါ ပါဝင််ခဲ့ရပါတယ် ။ လူတစ်ယောက် လျှော့နေချိန်မှာ တစ်ဂိုး ပေးခဲ့ရတာလေ ။ ဒါက တကယ့်ကိုကံမကောင်းတဲ့ ပေးဂိုးပဲလို့ ကျွန်တော် ထင်မိပါတယ် ။ ဒါဟာ လူကို ထိမှန်ပြီးမှ လမ်းကြောင်းပြောင်း ဂိုးဖြစ်သွားခဲ့ရတာပါ ”

” ဘယ်လိုပဲ ဖြစ်ပါစေ ၊ အဲ့တာကို ကျွန်တော်တို့ ဘာမှလုပ််လို့ မရတော့ပါဘူး ။ ကျွန်တော်တို့လုပ်နိုင်တာ အနာဂတ်မှာ ပိုကောင်းဖို့ပါပဲ ။ ဒီညပွဲအတွက် ကျွန်တော်တို့ အသင့်ရှိနေဖို့ လိုအပ်ပါတယ် ” လို့ တန်ဟတ်က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar