” ကလေး နဲ့ လူကြီး ကစားနေသလိုပါပဲ ” အာဆင်နယ် နဲ့ ပွဲက ချဲလ်ဆီး ရဲ့ စွမ်းဆောင်ရည်ကို ဝေဖန် လိုက်တဲ့ ဖာဒီနန်

 

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန် က အာဆင်နယ် အသင်း နှင့် ချဲလ်ဆီး အသင်းတို့ရဲ့လန်ဒန် ဒါဘီ ပွဲမှာ ချဲလ်ဆီး အသင်း ရဲ့ ကစားပုံဟာ ကလေး နဲ့ လူကြီး ကစားနေသလို ဖြစ်နေခဲ့ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် သွားခဲ့ပါတယ် ။

ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ အာဆင်နယ် အသင်းဟာ မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်းကို ထရောဆက်ဒ် ၊ ဟားဗတ်ဇ် ၊ ဘန်ဝှိုက် တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ ၅ ဂိုးပြတ် အနိုင် ရသွားခဲ့ပြီး အမှတ်ပေး ဇယား ထိပ်ဆုံး မှာ ဒုတိယ နေရာက လီဗာပူး ကို ၃ မှတ် ဖြတ် ဦးဆောင် နေပါတယ် ။

ဖာဒီနန် က TNT Sports မှာ အာဆင်နယ် အသင်းရဲ့တတိယ မြောက် သွင်းဂိုး အပြီး ” အာဆင်နယ် ရဲ့ တတိယဂိုးက ပြစ်ဒဏ်ဘော ပေးရမယ့် အနေအထားပါ ။ ဒါပေမဲ့ ချဲလ်ဆီး က ဒီပွဲမှာ ဘာမှ ရဖို့ မထိုက်တန်ပါဘူး ၊ ချဲလ်ဆီး က ဒုတိယ အကောင်းဆုံး အသင်းပဲ ဖြစ်ခဲ့တာပါ ၊ ကလေးနဲ့ လူကြီး ကစားတဲ့ ပွဲလိုပါပဲ ။ ”

” ချဲလ်ဆီး က လူငယ် အသင်း ဆိုတာ မှန်ပါတယ် ။ ဒါပေမဲ့ လူငယ် အသင်းတိုင်း အမြဲ ဒီလို ဖြစ်နေကြတာ မဟုတ်ပါဘူး ၊ တခါတလေမှာ လူငယ်တွေက အကြောက်အရွှံ့ ကင်းမဲ့စွာ ကစားတတ်ကြပါတယ် ။ ချဲလ်ဆီး က လက်တစ်လော ကစားခဲ့တဲ့ ပွဲကြီးတွေမှာ ကောင်းခဲ့တာ မှန်ပါတယ် ၊ ဒါပေမဲ့ ဒီနေ့တော့ ပါးလ်မား မပါတာနဲ့ ကလေး နှင့် လူကြီး ကစားသလို ဖြစ်သွားတာပါပဲ ၊ လုံးဝကို အပြတ်အသတ် ချေမှုန်း ခံလိုက်ရတာပါ ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

SM