ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ကစားသမား လေးဦး ကို ရှင်းထုတ်သွားတော့မယ့် အာဆင်နယ်

ဘိုင်ယန်မြူးနစ် အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရတဲ့နောက် အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ နောက်ထပ် ကြီးမားတဲ့ ရင်းနှီး မြှပ်နှံမှုကို ထပ်လုပ်သွားဖို့ ရှိသလို အသင်းက ကစားသမား အချို့ကိုလည်း ရှင်းထုတ် သွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

The Guardian ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ နယူးကာဆယ် အသင်း တိုက်စစ်မှူး အလက်ဇန္ဒား အိုင်ဆက် နှင့် ပဲလေစ့် အသင်း ကြယ်ပွင့် အိုလီဆေး တို့ကို နွေရာသီ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ကစားသမား ရောင်းထုတ်မှုတွေကိုလည်း အာရုံစိုက် လုပ်ဆောင် သွားမှာ ဖြစ်ပြီး အန်ကီးတီးယား ၊ နယ်လ်ဆင် ၊ ပါတေး နှင့် ရမ်စ်ဒေးလ် တို့ကို အရောင်း စာရင်းထဲ ထည့်သွင်းထားဝာာ ဖြစ်ပါတယ် ။ ပဲလေစ့် နှင့် ဝက်စ်ဟမ်း အသင်းတို့ဟာ အန်ကီးတီးယား ကို ခေါ်ဖို့ ပြီးခဲ့တဲ့ နွေရာသီကတည်းက ချိတ်ဆက် နေခဲ့တာပါ ။

အာဆင်နယ် အသင်းဟာ နယ်လ်ဆင် ထွက်ခွာပါက သူ့ရဲ့ နေရာကို နက်တို နဲ့ အစားထိုး သွားမှာ ဖြစ်ပါတယ်။ ပါတေး ကို ခေါ်ယူဖို့တော့ ဆော်ဒီကလပ် အသင်းတွေက စိတ်ဝင်စား နေကြပြီး ရမ်စ်ဒေးလ် ကတော့ နယူးကာဆယ် နှင့် ချဲလ်ဆီး တို့ရဲ့စိတ်ဝင်စားမှုကို ရရှိ နေပါတယ် ။

နောက်ထပ် သတင်းတွေထဲမှာတော့ အာဆင်နယ် အသင်းဟာ ဇင်ချန်ကို ရဲ့ ဘယ်နောက်ခံလူ နေရာ အတွက်လည်း ကစားသမားသစ် ထပ်ခေါ်ဖို့ ရှိနေတယ်လို့ သိရပါတယ် ။

SM