အသင်းဟောင်းနဲ့ ပြန်ဆုံချင်တယ်ဆိုတဲ့ ဂွမ်ဒိုဂန် ရဲ့ ဆန္ဒ

 

 

ဘာစီလိုနာ ကွင်းလယ်လူ အယ်ခိုင်း ဂွန်ဒိုဂန် ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အသင်းဟောင်း မန်ချက်စတာ စီးတီးနဲ့ ပြန်လည် ဆုံတွေ့လိုတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ ပါတယ် ။ ဘာစီလိုနာ ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ PSG နဲ့ တွေ့ဆုံ နေပြီး အဆိုပါအဆင့်ကို ကျော်ဖြတ် နိုင်မယ်ဆိုရင်တော့ ဒေါ့မွန် နဲ့ အက်သလက်တီကို မက်ဒရစ် တို့ ပွဲစဉ်က အနိုင်ရရှိလာမယ့် အသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ကစားရမှာ ဖြစ်ပါတယ် ။

Soccer Football – Champions League Final – Manchester City v Inter Milan – Ataturk Olympic Stadium, Istanbul, Turkey – June 11, 2023 Manchester City’s Ilkay Gundogan celebrates with the trophy after winning the Champions League REUTERS/Molly Darlington

မန်စီးတီး အသင်းကတော့ ကွာတားဖိုင်နယ် အဆင့်မှာ ဘာစီလိုနာ ရဲ့ မဟာပြိုင်ဘက် ရီးရဲမက်ဒရစ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့် မှာတော့ အာဆင်နယ် နဲ့ ဘိုင်ယန်မြုးနစ် ပွဲစဉ်က အနိုင်ရရှိလာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ် ။

 

ဂွန်ဒိုဂန် ဟာ အခုနှစ် ဘောလုံးရာသီ အစမှာ မန်စီးတီး ကနေ ဘာစီလိုနာ ကို ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ကတ်တလန် ကလပ် ရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်နေပါတယ် ။ Diario Sport နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး မှာတော့ ဂွန်ဒိုဂန် က သူ့ရဲ့ စိတ်ကူးဆန္ဒ ကို အခုလို ထုတ်ဖော်ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ် ။

“ကျွန်တော် ( ချန်ပီယံလိဂ် ) ဗိုလ်လုပွဲမှာ မန်စီးတီး နဲ့ ဆုံချင်ပါတယ် ။ ဒါပေမယ့် အဓိက ရည်ရွယ်ချက် ကတော့ ချန်ပီယံလိဂ် ဖိုင်နယ်ကို ဘာစီလိုနာ တက်ရောက်နိုင်ဖို့ပါ ။ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ တကယ့်ကို ထူးရှယ် အခွင့်အရေးပါပဲ ။ ဒါပေမယ့် ဘယ်အသင်းပဲ ရောက်လာရောက်လာ ကျွန်တော်တို့ဘက်က ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေမှာပါ ။ ဒီအတွက် အရင်ဆုံး ဖိုင်နယ်ကို တက်လှမ်း နိုင်ဖို့ လိုအပ်ပါမယ်” လို့ ဂွန်ဒိုဂန် က ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR