ဇာဗီ ရဲ့နေရာကို အာတီတာ နဲ့ အစားထိုးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလာတဲ့ ဒေကို

 

ဘာစီလိုနာ အသင်း ရဲ့ အားကစား ဒါရိုက်တာ ‌ဒေကို က ဇာဗီ ရဲ့ နေရာကို အာဆင်နယ် နည်းပြ အာတီတာ နဲ့ အစားထိုးဖို့ ဆိုတာဟာ ဖြစ်နိုင်ချေ နည်းပါးပြီး လက်ရှိ အချိန်မှာ ဘယ်နည်းပြနဲ့ မှ ဆွေးနွေး ပြောဆိုနေတာမျိုး မရှိကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းရဲ့ လက်ရှိ နည်းပြ ဇာဗီ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ရာသီကုန်ကျရင် နည်းပြ ရာထူးကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာ ထားခဲ့တာပါ ။ ဇာဗီ ရဲ့ နေရာကို ဆက်ခံဖို့ ရေပန်းစားနေသူတွေထဲမှာ အာတီတာ ၊ အင်းနရစ် ၊ မားကွက်ဇ် ၊ မော့တာ ၊ ဟန်ဆီဖလစ် ၊ ဒီဇာဘီ တို့ ပါဝင် နေပါတယ် ။

ဒေကို က SER Catalunya’s Que t’hi Jugues နဲ့ အင်တာဗျူးမှာ ” နည်းပြ နေရာ နဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ ဆုံးဖြတ်ချက် မချရသေးပါဘူး ။ ဒါပေမဲ့ ကျနော်တို့ သေချာ ဂရုတစိုက် လုပ်ဆောင် သွားမှာပါ ၊ လူးဝစ် အင်းနရစ် ကို ကျနော် သဘောကျပါတယ် ၊ သူက ထိပ်တန်း နည်းပြ တစ်ဦးပါ ။ ”

” တခြား ထိပ်တန်း နည်းပြတွေ ဖြစ်ကြတဲ့ ဂွာဒီယိုလာ နှင့် ကလောပ့် တို့လည်း ရှိနေပေမယ့် သူတို့ကို ခေါ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး ။ မီခေးလ် အာတီတာ ၊ အန်ဒိုနီ အီယာအိုလာ နှင့် ကွန်ဆီကာအို တို့လည်း တူတူပါပဲ ၊ ကျနော်တို့ ဘယ်သူနဲ့ မှ စကားမပြောဖူးပါဘူး ၊ ဒါကြောင့် သူတို့ အကြောင်း ထည့်ပြောတာက အဓိပ္ပါယ်မဲ့ရာ ကျပါတယ် ၊ ဘယ်မန်နေဂျာကိုမှ စကား မပြောထားပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM