True UCL King!

ရီးရဲမက်ဒရစ် ဟာ ၂၀၁၀ ခုနှစ်က စပြီး အခုရာသီအထိ ချန်ပီယံလိဂ်မှာ ရာသီတိုင်း အုပ်စု အဆင့်ကို ကျော်လွန် နိုင်ခဲ့ပါတယ် ။

ဒါတင် မကပါဘူး ၊ ၂ ရာသီ ( ၂၀၁၈-၁၉ ၊ ၂၀၁၉-၂၀ ) သာ ၁၆ သင်း ရှုံးထွက် အဆင့်ကနေ လှည့်ပြန် ခဲ့ရပြီး ကျန်တဲ့ ၁၁ ရာသီ ( အခု ရာသီအပါ ) မှာ အနိမ့်ဆုံး ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်း ထားနိုင်ခဲ့ပါတယ် ။

ဖိုင်နယ် ကို ၄ ကြိမ် ရောက်ပြီး ၄ ကြိမ်စလုံး ချန်ပီယံ ဖြစ်ခဲ့တာပါ ။ ဒီနှစ်လည်း ဗိုလ်စွဲဖို့ ရေပန်းစားနေပြန်ပါတယ် ။

ဥရောပ ပြိုင်ပွဲမှာ ချန်ပီယံ ၁၄ ကြိမ် နဲ့ အရေအတွက် အများဆုံး ရရှိထားတဲ့ အသင်း ဖြစ်ပြီး ဒုတိယနေရာက အသင်းထက် ဆုအရေအတွက် ၂ ဆ ပိုများပါတယ် ။

ချန်ပီယံလိဂ် ကတော့ ရီးရဲမက်ဒရစ် အတွက် ကျင်းပပေးနေသလိုပါပဲ ။

၂၀၁၀ – ၁၁ ( ဆီမီးဖိုင်နယ် )

၂၀၁၁ – ၁၂ ( ဆီမီးဖိုင်နယ် )

၂၀၁၂ – ၁၃ ( ဆီမီးဖိုင်နယ် )

၂၀၁၃ – ၁၄ ( ချန်ပီယံ )

 

၂၀၁၄ – ၁၅ ( ဆီမီးဖိုင်နယ် )

၂၀၁၅ – ၁၆ ( ချန်ပီယံ )

၂၀၁၆ – ၁၇ ( ချန်ပီယံ )

၂၀၁၇ – ၁၈ ( ချန်ပီယံ )

 

၂၀၁၈ – ၁၉ ( ၁၆ သင်းအဆင့် )

၂၀၁၉ – ၂၀ ( ၁၆ သင်း အဆင့် )

၂၀၂၀ – ၂၁ ( ဆီမီးဖိုင်နယ် )

၂၀၂၁ – ၂၂ ( ချန်ပီယံ )

၂၀၂၂ – ၂၃ ( ? )

 

SM