အာဆင်နယ် ၊ ချဲလ်ဆီး တို့နဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး တုန့်ပြန် ပြောကြားလာတဲ့ အိုဆီမန်း

 

နာပိုလီ အသင်း ရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်း က ဒီနွေရာသီ မှာ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ ကစားဖို့ စိတ်ကူး မရှိပေမယ့် အနာဂတ်မှာတော့ ကစားနိုင်တဲ့ အလားအလာ ရှိကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အိုဆီမန်း ဟာ လက်ရှိ အချိန်မှာ နိုင်ဂျီးရီးယား အသင်းနဲ့ အတူ အာဖရိနိုင်ငံများ ဖလားကို ပါဝင် ယှဉ်ပြိုင် နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ နာပိုလီ အသင်းအတွက် ၃၁ ဂိုး အထိ သွင်းပြီး စီရီးအေ ဖလား ရရှိအောင် စွမ်းဆောင် ပေးခဲ့တဲ့ အိုဆီမန်း ကို ခေါ်ယူဖို့ လန်ဒန်ကလပ် အာဆင်နယ် နှင့် ချဲလ်ဆီး တို့က စိတ်ဝင်စားနေကြတာပါ။ အိုဆီမန်း ကတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ” ကျနော် နှင့် အသင်း ဥက္ကဌ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ် ။ ကျနော် မညာပါဘူး ၊သူနဲ့ ဆက်ဆံရေးက တကယ် ကောင်းပါတယ် ။ ”

” ၂၀၂၀ ခုနှစ် မှာ ကျနော် အသင်းကို စရောက်ကတည်းက ဆက်ဆံရေးကောင်း ရှိခဲ့တာပါ ။ သူ့ရဲ့မိသားစုနဲ့ လည်း ရင်းနှီးပါတယ် ၊ ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ကျနော်တို့ နှစ်ဦးကြား နှင့် မိသားစုကြား ဆက်ဆံရေး မပျက်ပြား သွားဖို့က အရေးကြီးပါတယ် ။ သူက ကျနော့်ကို ကွင်းပြင်ပ မှာလည်း အများကြီး အားပေး ကူညီတဲ့သူ တစ်ဦးပါ ၊ ကျနော်လည်း သူတို့ စတူဒတ်တို ချန်ပီယံ ဖြစ်အောင် ပြန်ကူညီပေးထားပါတယ် ။ ”

” အသင်းက သူတွေ တစ်ဦးချင်း နှင့်ရော အသင်းပိုင်ရှင်နဲ့ရော ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိဖို့ က အရေးကြီးပါတယ် ။ ကျနော် တစ်နေ့တော့ အင်္ဂလန်ကို ပြောင်းရွှေ့ ဖြစ်ပါလိမ့်မယ် ၊ ဒါပေမဲ့ အခု အချိန်မှာတော့ ကျနော့်မှာ တခြား အစီအစဉ်တွေ ရှိပါသေးတယ် ၊ အချိန်ကျလာရင် အားလုံး သိလာပါလိမ့်မယ် ။ “လို့ ပြောကြား သွားခဲ့ပါတယ်။ အိုဆီမန်း ဟာ ဒီရာသီမှာ နာပိုလီ အသင်း အတွက် လိဂ်ပွဲ ၁၃ ပွဲ ကစား ၇ ဂိုး သွင်းပေးထားပါတယ် ။

SM