အာဆင်နယ် အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်စေမယ့် ကစားသမားကို ပြောပြလိုက်တဲ့ အိုဟားရား

 

တော့တင်ဟမ် အသင်း ကစားသမားဟောင်း ‌ဂျေမီ အိုဟားရား က အာဆင်နယ် အသင်း အနေနဲ့ နယူးကာဆယ် အသင်း ရဲ့ တိုက်စစ်မှူး အလက်ဇန္ဒား အီဆက် ကို ငွေပုံပေးပြီး ခေါ်ယူ သင့်တယ်လို့ ဆိုလိုက်ပြီး ဆွီဒင်သားဟာ ဂန်းနားတို့ကို အမှတ်ပေး ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်လိမ့်မယ်လို့ ပြောကြား လိုက်ပါတယ် ။

ပေါင်ခြံ ဒဏ်ရာကြောင့် ရုန်းကန် ခဲ့ရတဲ့ အနေအထားမှာတောင် အီဆက် ဟာ နယူးကာဆယ် အသင်း အတွက် ပြိုင်ပွဲစုံ ၂၄ ဂိုး အထိ သွင်းပြီး ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေတာပါ ။ လက်ရှိ အချိန်မှာ အာဆင်နယ် အသင်း နှင့် တော့တင်ဟမ် အသင်းတို့ဟာ အီဆက် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြတယ်လို့ သတင်းတွေ ထွက်နေပြီး ပေါင် သန်း ၁၀၀ လောက် အထိ အကုန်ကျခံရဖွယ် ရှိနေပါတယ် ။

နယူးကာဆယ် နည်းပြ အက်ဒီဟောင်း ကတော့ အီဆက် ကို ရောင်းချဖို့ မရှိကြောင်း ငြင်းဆန် ထားပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင် နေတယ်လို့ ဆိုထားပါတယ် ။ ဒါပေမဲ့ အိုဟားရား ကတော့ အီဆက် ဟာ အာဆင်နယ် အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်နိုင်တယ်လို့ ဆိုလိုက်ပြီး သီယာရီ အွန်နရီ လို ကစားသမားမျိုး ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

” ကျနော်သာဆို အီဆက် အတွက် ငွေပုံပေးပြီး ရအောင် ခေါ်သွားမှာပါ ။ နယူးကာဆယ် အသင်းမှာ ဘယ်လို အပြောင်းအလဲတွေ ရှိမလဲ ကျနော်လည်း မသိပါဘူး ၊ ဒါပေမဲ့ အီဆက် ကို ရောင်းဖို့ လိုအပ်လာမယ်ဆိုရင် ကျနော်ကတော့ အီဆက် ကို ပေါင် သန်း ၁၀၀ ပေးပြီး ခေါ်သွားမှာပါ ။ သူက အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေမယ့် ကစားသမားပါ ။ ”

” အာဆင်နယ် ကိုသာ သူ ရောက်သွားရင် အွန်နရီ ကိုတောင် ပြန်ပြီး အမှတ်ရမိမယ် ထင်ပါတယ်။ အီဆက် က အွန်နရီ လောက် ကောင်းတယ်လို့ ကျနော် ဆိုလိုတာ မဟုတ်ဘူးနော် ၊ ဒါပေမဲ့ သူက အွန်နရီ နဲ့ ကစားပုံ အတော်လေး ဆင်တူပါတယ် ၊ နယူးကာဆယ် အသင်းကနေ ကစားသမား တစ်ဦးသာ ခေါ်ရမယ်ဆို ကျနော်ကတော့ အီဆက် ကိုပဲ ခေါ်မှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM