နောက်ဆုံးရ အားကစားသတင်းများ

မန်ချက်စတာ စီးတီး တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဟာ ဒဏ်ရာကနေ ပြန်သက်သာလာချိန်မှာ နောက်ထပ် ဒဏ်ရာတခု ထပ်မံ ရရှိသွားတာကြောင့် အခုလကုန်လောက်အထိ အနားယူရဦးမယ်လို့ မနေ့ညပိုင်းက သတင်းထွက်ပေါ်လာခဲ့ပြီး နည်းပြကြီး ဂွာဒီယိုလာ က လည်း အဆိုပါ သတင်းကို အတည်ပြု ပြောဆိုသွားခဲ့ပါတယ် ။

 

မနေ့ညက ကစားခဲ့တဲ့ ဂျာမန် လိဂ် ပွဲစဉ်မှာတော့ ဘိုင်ယန်မြုးနစ် အသင်းဟာ ဟော့ဖမ်ဟမ်း အသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ ပါတယ် ။ အဆိုပါပွဲမှာ ၁ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ရောဘတ် လီဝန်ဒေါ့စကီး ဘိုင်ယန်မှာ တင်ရှိထားခဲ့တဲ့ ဘွန်ဒစ်လီဂါ ရာသီဝက် သွင်းဂိုးမှတ်တမ်း ( ၂၂ ဂိုး ) ကို လိုက်မီသွားခဲ့တယ်လို့ သိရပါတယ် ။

 

ဘိုင်ယန်မြုးနစ် နည်းပြကြီး သောမတ်စ် တူချယ် ကတော့ သူတို့ဟာ တယောက်ချင်း ရင်ဆိုင်မှု အားကောင်းတဲ့ ညာနောက်ခံလူ တယောက်ကို ရှာဖွေနေတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။

 

ဘရိုက်တန် အသင်းကတော့ ဘိုကာဂျူနီယာ အသင်းမှာ ကစားနေတဲ့ ဗယ်လန်တင်း ဘာကို ကို စာချုပ်ဖျက်သိမ်းကြေး ဒေါ်လာ ၁၀ သန်း ပေးချေကာ ၂၀၂၈ + ၁ နှစ်သက်တမ်းတိုးခွင့်နဲ့ ခေါ်ယူလိုက်တယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ် ။

 

စပိန် ကလပ် ဗီလာရီးရဲ အသင်းဟာ မွန်ဇာ အသင်း ရဲ့ ခံစစ်မှူး လူကာ ကယ်ဒီရိုလာ ကို စောင့်ကြည့် အကဲခတ်နေတယ်လို့ ကြားသိရပါတယ် ။

 

ဘုန်းမောက် ကစားသမား ဟမ်း ထရာအိုရေး ကတော့ နာပိုလီ အသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့မယ်လို့ သိရပါတယ် ။ နာပိုလီ ဟာ ရာသီအကုန်မှာ ကစားသမားကို ယူရို ၂၅ သန်းနဲ့ အပြီးသတ် ဝယ်ယူနိုင်ခွင့်လည်း ရရှိထားပါတယ် ။

 

ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာဖို့ လုပ်ဆောင်နေတဲ့ လက်စတာ စီးတီး အသင်းဟာ အင်တာမီလန် ကွင်းလယ်လူ ဆန်စီ ကို စိတ်ဝင်စားနေတယ်လို့ နည်းပြ မာရက်စကာ က ထုတ်ဖော်ပြောဆို လာခဲ့ပါတယ် ။

 

ရီးရဲ ဆိုဆီဒက် အသင်းကတော့ ဒေါ့မွန်မှာ ကစားနေတဲ့ အမေရိကန် ကွင်းလယ်လူ ဂျီယို ရေနာ ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရပါတယ် ။

 

SPORTS MYANMAR