နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ ဘာစီလိုနာ အသင်းဟာ အိုဆာဆူနာ အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ ပါတယ် ။ ဘာစီလိုနာ အတွက် ဂိုးတွေ ကိုတော့ လီဝန်ဒေါ့စကီး နဲ့ ယာမဲ တို့က သွင်းယူပေးခဲ့ကြတာပါ ။ ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာ နဲ့ ရီးရဲမက်ဒရစ် တို့ ရင်ဆိုင် ကစားကြရမှာပဲ ဖြစ်ပါတယ် ။

 

အဆိုပါ ပွဲမှာ ဒဏ်ရာ ရရှိသွားတဲ့ ဘာစီလိုနာ တောင်ပံ ကစားသမား ရာဖင်ညာ ကတော့ ဗိုလ်လုပွဲကို လွဲချော်မယ့် အနေအထားနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ် ။

 

အီတလီ မြေပေါ်မှာတော့ ယူဗင်တပ် အသင်းဟာ ဖရိုဆီနိုနီ အသင်းကို ၄-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး ကိုပါ အီတလီယာ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။ ယူဗင်တပ် အတွက် တိုက်စစ်မှူး မီလစ် က ဟက်ထရစ် သွင်းယူပေးခဲ့ပါတယ် ။

 

အပြောင်းအရွှေ့ သတင်းတွေမှာတော့ ရိုးမား အသင်းဟာ ဝက်စ်ဟမ်း နဲ့ အတူ ချဲလ်ဆီး နောက်ခံလူ ချာလိုဘတ် ကို အပြိုင် ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ် ။

 

ဘရိုက်တန် နဲ့ နာပိုလီ အသင်းတွေကတော့ ယူဒီနီးစ် ကွင်းလယ်လူ ဆာမာဒစ်ဇ် ကို စောင့်ကြည့် အကဲခတ် နေတယ်လို့ သိရပါတယ် ။

နာပိုလီ အသင်းဟာ ချဲလ်ဆီး နောက်ခံလူ မာလန်ဆား ကို ချိန်ရွယ်နေတယ်လို့ သိရပါတယ် ။

 

ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် ကွင်းလယ်လူဟောင်း မာတစ် ကတော့ သူဟာ ရင်းနစ် အသင်းကနေ ထွက်ခွာဖို့ ဖိအားပေး လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သတင်းထွက်နေပေမယ့် အားကစား ဒါရိုက်တာ ဒန် အက်စ်ဝတ် ဟာ အသင်းမှာ ဆက်လက် ရှိနေမယ်လို့ နယူးကာဆယ် အသင်းက ယုံကြည်နေတယ်လို့လည်း သိရှိရပါတယ် ။

 

မန်ယူနိုက်တက် ဟာ အိုင်ယက်စ် တိုက်စစ်မှူး ဘရိုင်ယန် ဘရော်ဘီ ကို ပြန်လည် စိတ်ဝင်စားလာတယ်လို့ သိရပါတယ် ။

 

တိုက်စစ်မှူး ရှာဖွေနေတဲ့ အာဆင်နယ် အသင်းကလည်း ဘိုလော့ညာ တိုက်စစ်မှူး ဂျိုရှုအာ ဇာ့က်ဇီ ကို စောင့်ကြည့် အကဲခတ်နေတယ်လို့လည်း သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။

 

အီတလီ ခံစစ်မှူးဟောင်းကြီး ဘိုနူချီ ကတော့ ယူနီယံ ဘာလင် အသင်းဆီကနေ တူရကီ ကလပ် ဖီနာဘာချီ အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

 

ယူနီယံ ဘာလင် ကို အငှားချထားရာကနေ ပြန်လည် ခေါ်ယူထားတဲ့ ချဲလ်ဆီး ကစားသမား ဒေးဗစ် ဒက်ထရို ဖိုဖာနာ ကို ဘန်လေ အသင်းက အငှားခေါ်ယူသွားခဲ့တယ်လို့ သိရှိရပါတယ် ။

 

ဥရောပ ကလပ် အချို့ ဟာ ဆော်ဒီလိဂ်မှာ အဆင်မပြေ ဖြစ်နေတယ်လို့ သတင်းထွက်နေတဲ့ ရီးရဲ တိုက်စစ်မှုူးဟောင်း ဘန်ဇီးမား ကို အငှား ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့လည်း သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

 

SPORTS MYANMAR