နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ခါရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာတော့ မိုက်ကယ် ကာရစ် ကိုင်တွယ် နေတဲ့ မစ်ဒယ်ဘရော့ အသင်းဟာ ချဲလ်ဆီး အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ကစားပြီး ဝင်ဘာလေ မျှော်လင့်ချက်တွေ ရှင်သန်လာစေခဲ့ပါတယ် ။ ချဲလ်ဆီး ကတော့ ဒုတိယ အကျော့ အတွက် ဖိအားဝင်သွား ခဲ့ရပါပြီ ။

 

အီတလီ မြေပေါ်က ကိုပါ အီတလီယာဖလား ပွဲစဉ်မှာတော့ ဖီအိုရင်တီးနား အသင်းက ဘိုလော့ညာ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ကစားသွားခဲ့ပါတယ် ။

 

စပါး အသင်းဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဗာနာ ကို အငှားနဲ့ ခေါ်ယူ စာချုပ် လိုက်ပြီ ဖြစ်တယ်လို့ တရားဝင် အသိပေး ကြေညာသွားခဲ့ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး စိတ်ဝင်စားပြီး ချိတ်ဆက်နေတဲ့ ဂျီနိုအာ နောက်ခံလူ ရာဒူ ဒရာဂူဆင် ကို ဘိုင်ယန်မြုးနစ် အသင်းက ကြားဖြတ်ဝင်ရောက်လာခဲ့ပြီး ပေါင် ၂၅ သန်း ပေးချေမယ်လို့ ကမ်းလှမ်း လာခဲ့ပါတယ် ။ လက်ရှိ မှာတော့ ဘယ်အသင်းကို ရွေးချယ်မယ်ဆိုတာ ကစားသမား အပေါ် မူတည်တော့မှာပါ ။

 

အက်သလက်တီကို မက်ဒရစ် အသင်းဟာ လက်စတာ စီးတီး ကနေ ခေါ်ယူထားတဲ့ ခံစစ်မှူး ဆိုရန်ကူ ကို အခု ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ ခွင့်ပြု ထားပြီး ဖူလ်ဟမ် ၊ ရိုးမား အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ အသင်းကတော့ ယူရို ၁၅ သန်း ဈေးသတ်မှတ်မှုကြောင့် နောက်ဆုတ်ထားတဲ့ ဆွီဒင် ကြယ်ပွင့်လေး လူးကပ်စ် ဘာ့ဂျ်ဗဲလ် ကို ပြန်လည် ချဉ်းကပ်မှု ပြုလုပ်နေပြီး ယူရို ၁၅ သန်းထက် လျော့နည်းတဲ့ ပမာဏ နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ် ။

 

ရီးရဲမက်ဒရစ် အသင်းဟာ ဘိုင်ယန်မြုးနစ် ရဲ့ ကနေဒါ နောက်ခံလူ အယ်လ်ဖွန်ဆို ဒါးဗိစ် ကို ဂျာမန် ကလပ် နဲ့ စာချုပ်သက်တမ်း မတိုးဖို့ တိုက်တွန်း ပြောဆိုထားပြီး လာမယ့် နွေရာသီမှာ အရ ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ် ။

 

SPORTS MYANMAR