အာဆင်နယ် အသင်း ရဲ့ ဒူဘိုင်း ခရီးစဉ်ကို လိုက်ပါ သွားကြမယ့် တင်ဘာ နှင့် ပါတေး

 

အာဆင်နယ် နည်းပြ အာတီတာ ဟာ ဒူဘိုင်း ရဲ့ နွေးထွေးတဲ့ ရာသီဥတုအောက်မှာ တစ်ပတ်တာ သွားရောက် လေ့ကျင့်မယ့် လေ့ကျင့်ရေး အစီအစဉ်မှာ ဒဏ်ရာရ ကစားသမားတွေ ဖြစ်ကြတဲ့ တင်ဘာ ၊ ပါတေး နှင့် ဂျေးဇု တို့ သုံးဦးစလုံးကို ခေါ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ ကစားသမားတွေ လေ့ကျင့်ဖို့ ၊ အပန်းဖြေ အနားယူဖို့ ၊ ဒဏ်ရာကနေ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ နှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေ အတွက် ဒူဘိုင်းကို သွားရောက်တာ ဖြစ်ပါတယ်။

Football London ကတော့ တချို့ ကစားသမားတွေဟာ လီဗာပူး နဲ့ ပွဲပြီး ကတည်းက အရှေ့အလယ်ပိုင်း ကို ထွက်ခွာ သွားခဲ့ကြပြီး တချို့ကတော့ ဒီကနေ့ အင်္ဂါနေ့ကျမှ သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆင်နယ် အသင်းဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း ကမ္ဘာ့ဖလား မကစားရတဲ့ ကစားသမားတွေနဲ့ အတူ ဒူဘိုင်း စူပါဖလား ကို အေစီမီလန် ၊ လိုင်ယွန် တို့နဲ့ အတူ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ဖူးပါတယ်။

အာဆင်နယ် အသင်း ရဲ့ ဒူဘိုင်း ခရီးစဉ်ကို ဒဏ်ရာရ ကစားသမားတွေဖြစ်ကြတဲ့ တင်ဘာ ၊ ပါတေး ၊ ဂျေးဇု ၊ ဇင်ချန်ကို ၊ ဗီအဲရာ တို့ အားလုံး လိုက်ပါကြမှာ ဖြစ်တဲ့အပြင် ဆေးအဖွဲ့ဝင်တွေ အားလုံးပါ အတူ ပါသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒူဘိုင်း မှာ သွားရောက်လေ့ကျင့်တဲ့ အဓိက ရည်ရွယ်ချက် ကတော့ လေ့ကျင့်‌ဖို့ နှင့် လက်တစ်လော ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး ပုံစံကောင်း တစ်ခု ပြန်လည် ရရှိလာဖို့ပဲ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဇန်နဝါရီ ၁၇ ရက်နေ့မှာ‌တော့ လန်ဒန် ကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပြီး ၊ ရောက်ရောက်ချင်းမှာပဲ ခရစ္စတယ် ပဲလေစ့် နဲ့ ကစားရမယ့် လန်ဒန် ဒါဘီပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ် ရမှာပါ။ အာဆင်နယ် အသင်းရဲ့ဒူဘိုင်း ခရီးစဉ်ကို အားကစား ဒါရိုက်တာ အီဒူး လည်း လိုက်ပါ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

SM