လူငယ်တွေကို အသုံးမပြုတာနဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်းကို ဝေဖန်လိုက်တဲ့ ဂန်းနားကြယ်ပွင့်ဟောင်းရဲ့ အစ်ကို

ဂန်းနားကြယ်ပွင့်ဟောင်း အိုမာရီ ဟတ်ချင်ဆန် ရဲ့ အစ်ကို ဖြစ်သူ ဟာ လီဗာပူး အသင်းကို အာဆင်နယ် အသင်း အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲအပြီးမှာ လူငယ်တွေ ကို အခွင့်အရေး မပေးတဲ့ နည်းပြ အာတီတာ အပေါ် ဝေဖန် ပြစ်တင်မှု ပြုလုပ် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လီဗာပူး အသင်း နဲ့ ပွဲမှာ အဓိက ကစားသမား အများစုကို ပွဲထုတ် ကစားခဲ့ပေမယ့် အိမ်ကွင်းမှာ နှစ်ဂိုးပြတ် အရေးနိမ့် သွားခဲ့ရပြီး အက်ဖ်အေဖလား ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာ ခဲ့ရပါတယ် ။ အာတီဝာာ ဟာ လီဗာပူး နဲ့ ပွဲ အရန်လူစာရင်းမှာ နွမ်နယ်ရီ ၊ ဆော်ဆာ ၊ ရူရယ် ဝေါလ်တာစ် တို့ကို ထည့်ခဲ့ပေမယ့် တစ်ဦးကိုမျှ ထည့်သွင်း အသုံးပြုခဲ့ခြင်း မရှိပါဘူး ။

လီဗာပူး အသင်းကတော့ ဂိုးမရှိ သရေကျနေချိန်မှာတောင် ဘော့ဘီ ကလပ့်ခ် ၊ ကော်နာ ဘရက်ဒ်လေ တို့လို လူငယ် ကြယ်ပွင့်လေးတွေကို လူစားလဲ ထည့်သွင်းခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ ဟတ်ချင်ဆန် ရဲ့ အစ်ကို ဖြစ်သူ Oshaye ဟာ လူငယ်တွေကို နေရာမပေးတဲ့ နည်းပြ အာတီတာ ကို အင်စတာဂရမ် အကောင့်ကနေ တစ်ဆင့် ဝေဖန် ပြစ်တင် သွားခဲ့ပါတယ် ။

” တချို့လူတွေ ကျွန်တော့်ညီလေးကို ပြန်တောင်းပန်ဖို့ အကြွေးတင်နေပါသေးတယ် ။ သူ အာဆင်နယ် က ထွက်ခွာတော့ ဝေဖန် တိုက်ခိုက်တဲ့ စာတွေ အမုန်းတရား မှတ်ချက်တွေ အများကြီး လက်ခံ ရရှိ ခဲ့တာပါ ၊ အခု ခင်ဗျားတို့ သူ ဘာကြောင့် အာဆင်နယ် ကနေ ထွက်ခွာသလဲ ဆိုတာ မြင်ကြပြီ ထင်ပါတယ် ။ ”

” ဒီတစ်ပတ်မှာ မန်စီးတီး ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ စပါးအသင်း က လူငယ်တွေ ပွဲဦးထွက်‌တွေ ကစားခွင့် ရသလို ပွဲတွေလည်း ကစားခွင့် ရခဲ့ပါတယ် ။ အာဆင်နယ် အသင်းကတော့ လူငယ်တွေကို ကစားခွင့် မပေးခဲ့ပါဘူး
၊ အာဆင်နယ် အသင်းက လူငယ်‌တွေ အတွက် စိတ်မကောင်း ဖြစ်မိပါတယ် ၊ လူငယ်တွေကို လွတ်လပ်ခွင့် ပေးလိုက်ပါဗျာ ။ ” လို့ ဝေဖန် ရေးသား သွားခဲ့တာပါ ။

ဒီတစ်ပတ် အက်ဖ်အေဖလားပွဲမှာ မန်စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ အော်စကာဘော့ ၊ ယာကော့ဘ်ရိုက် ၊ ဟာမီလ်တန် တို့ကို အသုံးပြု ခဲ့ပြီး ပိုချက်တီနို ဟာလည်း ဝါရှင်တန် ၊ ဂေးလ်ခရစ် ၊ ဂိုးလ်ဒင်း တို့လို လူငယ်တွေကို ကစားခွင့် ပေးခဲ့ပါတယ် ။ ဒါ့အပြင် စပါးနည်းပြ ပိုစတီကိုဂလူး ဟာလည်း စကားလတ် ၊ ဒွန်လေ ကို ထည့်သွင်း အသုံးပြု ခဲ့တာပါ ။

အိုမာရီ ဟတ်ချင်ဆန် ဟာ အာဆင်နယ် အသင်းမှာတုန်းက အသင်းကြီးနဲ့ အတူ ပုံမှန် လေ့ကျင့်ခန်း ဆင်းခွင့် ရခဲ့ပေမယ့် စီနီယာ အသင်းကြီးအတွက် တစ်ပွဲမှ ကစားခွင့် မရခဲ့ပါဘူး ။ ဟတ်ချင်ဆန် ဟာ ချဲလ်ဆီး အသင်းမှာ‌တော့ ပရီးမီးယားလိဂ် တစ်ပွဲ ကစားခွင့် ရထားပြီး လက်ရှိ အချိန်မှာတော့ အင်စွစ်ခ်ျတောင်း အသင်းမှာ အငှား သွားရောက် ကစားနေပါတယ် ။

SM