‘ ဘက်ခမ်းတောင် တုန်လှုပ်နေပြီ ‘ လို့ ပရက်စတန်နဲ့ ပွဲအပြီး ချဲလ်ဆီး စတား တဦးကို စနောက်သွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ပရက်စတန် အသင်းကို ပထမပိုင်းမှာ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ကစားခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ ရခဲ့တဲ့ ဂိုးတွေကြောင့် သက်တောင့်သက်သာနဲ့ နောက်တဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ အဓိက ကစားသမား အနည်းငယ်ကို အနားပေးခဲ့ပေမယ့် ၊ ပြိုင်ဖက် ချန်ပီယံရှစ် ကလပ်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တလေးတစားနဲ့ ယှဉ်ပြိုင်ကစားသွားတာ တွေ့ခဲ့ရပါတယ် ။

ပထမပိုင်းမှာ ကစားကွက်က သိပ်မမိခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ လူစားလဲမှန်ကန်မှုတွေ အပြင် တိုက်စစ် ရဲရဲဖွင့် ကစားခဲ့တာကြောင့် ဂိုးစောစောရခဲ့ပါတယ် ။ ၁၁မိနစ် အတွင်း ၃ဂိုး ရခဲ့ရာမှာ တောင်ပံကစားသမား ရာဟင်း စတာလင်ရဲ့ တိုက်ရိုက်ဖရီးကစ် သွင်းဂိုးလည်း ပါဝင်ခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက ဒီရာသီ ဒုတိယမြောက် တိုက်ရိုက်ဖရီးကစ် ၂ဂိုးမြောက် ရခဲ့တဲ့ စတာလင်ကို ပွဲအပြီးမှာ ဖရီးကစ် ဆရာတဆူ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ နေရာကို ဆက်ခံတော့မယ်လို့ အခုလိုပဲ စနောက်သွားပါတယ် ။

ပိုချက်တီနို က ” ပွဲပြီးတော့ ကျွန်တော်က သူ့ကို ‘ ဒေးဗစ်ဘက်ခမ်းတောင် တုန်လှုပ်နေပြီ ‘ လို့ ပြောခဲ့ပါသေးတယ် ။ ဘာလို့လဲဆိုတော့ သူက ဒေးဗစ်ဆီက မှတ်တမ်းကို လွှဲပြောင်းရယူတော့မလို့ပါ ။ ဒါက အရည်အသွေး အစစ်အမှန်ပါပဲ ။ ”

” ခင်ဗျားဟာ နေ့စဉ်နေ့တိုင်း ဒါကို လေ့ကျင့်နိုင်ပေမယ့် ၊ တကယ်တမ်းမှာ ပွဲအတွင်း လုပ်ပြနိုင်တာနဲ့ပဲ သက်ဆိုင်ပါတယ် ။ ဒါပေမယ့် ဒါက သူ့အတွက် စပါယ်ရှယ် လေ့ကျင့်မှု တရပ် မဟုတ်ပါဘူး ။ ဒါက သူ့ရဲ့ အရည်အသွေးပါ ။ ဒီနေ့ပွဲနဲ့ နယူးကာဆယ်နဲ့ ပွဲမှာ သူ ဖရီးကစ်သွင်းနိုင်ခဲ့ပါတယ် ။ ”

” ဘယ်ပွဲလဲဆိုတာ ကျွန်တော် မမှတ်မိတော့ပေမယ့် ၊ ဖရီးကစ်တံတိုင်း အမြင့်ကြီးကို သူ ကျော်ပြီး ကန်သွင်းပြသွားခဲ့တာပါ ။ ဒါက ကန်သွင်းနိုင်ကြောင်း ယုံကြည်မှုနဲ့ပဲ သက်ဆိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနိုက ကြားရက်မှာ ကစားမယ့် မစ်ဒယ်ဘရော့နဲ့ ကာ ရာောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ မတိုင်မီ ခြင်္သေ့ပြာတို့ရဲ့ ဒဏ်ရာ ပြဿနာ အခြေအနေ အကြောင်း အခုလိုပဲ ဆွေးနွေးလာပါတယ် ။

ပိုချက်တီနို က ” ချေဝဲလ် ၊ ဘတ်ဒီယာရှီးလ်တို့ ဒဏ်ရာက ပြန်လာဖို့ နီးစပ်နေပြီလို့ ပြောရပါမယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့ရဲ့ နေ့စဉ် အခြေအနေ တိုးတက်မှုကို ရှေးရှုဖို့ လိုပါတယ် ။ အဲဒါပြီးမှ ကျွန်တော်တို့ သူတို့နဲ့ ပတ်သက်ပြီး ဘယ်လို တိုးတက်အောင် လုပ်မလဲ ဆိုတာ စဉ်းစားရပါမယ် ။ ”

” အရဲစွန့်သုံးရတာ အမှန်တကယ် အရေးကြီးသလို ၊ သူတို့ရဲ့ ထရိန်နင်က အခြေအနေတွေကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ် ။ ကစားသမားအားလုံးကတော့ အသင့်ဖြစ်နေတဲ့ အကြောင်း ပြောကြမှာပါ ။ သူတို့ကိုယ် သူတို့ ဘယ်လောက်ထိ အသင့်ဖြစ်နေတယ် ဆိုတာ မသိကြပါဘူး ။ သူတို့ ကစားပေးနိုင်ပြီလား ဆိုတာ ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေ အပေါ်လည်း မူတည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR