မန်စီးတီး နဲ့ ပွဲက ဆွန်ဟောင်မင် ရဲ့ လွဲချော်မှု အပေါ် မှတ်ချက်ပေး တုန့်ပြန်လိုက်တဲ့ အာတီတာ

 

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ မန်စီးတီး နဲ့ ပွဲမှာ သရေကျစေမယ့် အပိုင် အခွင့်အရေး ကို အသုံးမချ နိုင်ခဲ့တဲ့ စပါး အသင်း ခေါင်းဆောင် ဆွန်ဟောင်မင် ရဲ့ လွဲချော်မှုအကြောင်း က ပရိသတ်တွေကြားထဲ အတော်လေး လူပြောများ နေခဲ့ပါတယ် ။

မန်စီးတီး အသင်း တစ်ဂိုး ဂိုးမရှိ ဦးဆောင် နေချိန်မှာ ပြိုင်ဘက် အသင်း ကစားသမား ရဲ့ အမှားကနေ ဆွန်ဟောင်မင် ဂိုးသမား နဲ့ တစ်ဦးချင်း အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပြီး ဆွန် ရဲ့ ကန်ချက်ကို အော်တီဂါ လက်စွမ်းပြ ကာကွယ် သွားခဲ့တာ ဖြစ်ပါတယ် ။

ဆွန်ဟောင်မင် ရဲ့ ဂိုးသာ ဝင်သွားခဲ့ရင် တစ်ဖက် တစ်ဂိုးစီ သရေ ကျသွားမှာ ဖြစ်ပီး အာဆင်နယ်အသင်း ချန်ပီယံ ဖြစ်ဖို့ အခြေအနေကောင်းသွားမှာပါ ။ ဒါပေမဲ့လည်း စပါး အသင်း မန်စီးတီး ကို အရေးနိမ့် သွားခဲ့တာကြောင့် အာဆင်နယ် အသင်း ရဲ့ ချန်ပီယံ အိပ်မက်ဟာ မှေးမှိန် သွားခဲ့ပြီး နောက်ဆုံး ပွဲစဉ်မှာ မန်စီးတီး ခြေချော်ပြီး သူတို့ အနိုင် ရမှသာလျှင် ချန်ပီယံ ဖြစ်တော့ပါမယ် ။

အာဆင်နယ် နည်းပြ အာတီတာ က အဲဗာတန် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဆွန်ဟောင်မင် ရဲ့ လွဲချော်မှု အပေါ် ” အဲ့ဒီလို အခိုက်အတန့် အတွက် ပရီးမီးယားလိဂ် က ကစားသမား တစ်ဦးကို ရွေးပါဆို ကျနော် ကတော့ ဆွန်ဟောင်မင်ကိုပဲ ရွေးမိမှာပါ ။ မိုက်ကယ် ဂျော်ဒန် အမြဲပြောနေကြ စကား ရှိပါတယ် ၊ ကိုယ့်အသင်း အနိုင်ရစေမယ့် ပစ်သွင်းမှုတွေ လုပ်နိုင်ဖို့ အတွက် သူ ကြိမ်ဖန်များစွာ လွဲချော်ခဲ့ဖူးတယ် စကားလိုပဲပေါ့ ။ ”

” ဒါကို က အားကစား ရဲ့ အလှတရားပါပဲ ။ မျှော်လင့်ချက် ရှိခဲ့ပေမယ့် မဖြစ်လာခဲ့ဘူးပေါ့ဗျာ ၊ ကျနော်တို့ အနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ လိုအပ်ပါတယ် ၊ အဲဗာတန် က လက်တစ်လော ပုံစံကောင်း ရနေတာကြောင့် သူတို့နဲ့ ပွဲက ခက်ခဲပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM