တိုက်စစ်မှူး အန်ကီးတီးယား အတွက် ပြောင်းရွှေ့ကြေး သတ်မှတ် ပေးလိုက်တဲ့ အာဆင်နယ်

 

အာဆင်နယ် အသင်းဟာ ခရစ္စတယ်ပဲလေစ့် အသင်း ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ တိုက်စစ်မှုး အန်ကီးတီးယား ရဲ့ ပြောင်းရွှေ့ကြေး သတ်မှတ် ပေးလိုက်ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

အောက်တိုဘာလ နှောင်းပိုင်းကတည်းက အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် ၂ ပွဲသာ ပွဲထွက် ကစားခွင့် ရထားတဲ့ အန်ကီးတီးယား ကို ခေါ်ယူဖို့ လန်ဒန် ကလပ် ခရစ္စတယ်ပဲလေစ့် အသင်းဟာ အထူး စိတ်ဝင်စားနေတာပါ ။ အာဆင်နယ် အသင်းဘက်ကလည်း သူတို့ လိုချင်တဲ့ ပြောင်းရွေ့ကြေးသာ ရရင် အန်ကီးတီးယား ကို ရောင်းထုတ် သွားဖို့ ရှိနေပါတယ် ။

အန်ကီးတီးယား ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားထားပြီး ၅ ဂိုး သွင်း ၊ ၃ ဂိုး ဖန်တီး ပေးထားပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီ မှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ရှိနေပေမယ့် လူသစ်တွေ ခေါ်နိုင်ဖို့ အတွက် အသင်းက ရှိရင်းစွဲ ကစားသမား အချို့ကို အရင် ရောင်းထုတ်ရဖို့ ရှိနေပါတယ် ။

Daily Star ကတော့ အာဆင်နယ် အသင်းဟာ ကစားသမားသစ် ခေါ်ဖို့ အသင်း ရဲ့ တိုက်စစ်မှူး အန်ကီးတီးယား ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဈေး သတ်မှတ် ထားတယ်လို့ ဖော်ပြ လာခဲ့ပါတယ် ။အာဆင်နယ် အသင်းဟာ သူတို့ရဲ့ တိုက်စစ် အင်အား ကို ဖြည့်တင်းဖို့ရာ တိုနေး ကို စိတ်ဝင်စားနေပြီး ဘရန့်ဖိုဒ့် အသင်းဘက်ကတော့ ပေါင် သန်း ၁၀၀ ဈေး သတ်မှတ် ထားပါတယ် ။

LONDON, ENGLAND – OCTOBER 28: Eddie Nketiah of Arsenal scores the team’s second goal during the Premier League match between Arsenal FC and Sheffield United at Emirates Stadium on October 28, 2023 in London, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

တိုနေး ဟာ လက်ရှိ အချိန်မှာ ရှစ်လပွဲပယ် ပြစ်ဒဏ် ကျခံနေရသူ ဖြစ်ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့မှ ပြစ်ဒဏ် စေ့မှာ ဖြစ်ပါတယ် ။ တိုနေး ဟာ လက်တစ်လော ကစားခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ဘရန့်ဖိုဒ့် အသင်း အတွက် ဟက်ထရစ် သွင်းယူ ပေးခဲ့တယ်လို့လည်း သိရပါတယ် ။

SM