နောက်ဆုံးရ အားကစား သတင်းများ

ပရီးမီးယားလိဂ် ထိပ်သီး တော့တင်ဟမ် ဟော့စပါး ဟာ ဂျာမန် ကလပ် လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဗာနာ ကို အငှား နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ် ။ စပါး ဟာ တီမိုဗာနာ ရဲ့ လုပ်ခ လစာကို အပြည့်အ၀ ပေးချေမယ်လို့လည်း သိရပါတယ် ။

 

ပြင်သစ် ကလပ် မာဆေး အသင်းဟာ တူရကီ ကလပ် ဘက်ဆစ်တပ် အသင်းရဲ့ ကွင်းလယ်လူ ဂျန် အိုနာနာ ကို အငှား + အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူလိုက်တယ်လို့ သိရပါတယ် ။

 

ပေါ်တူဂီ ကလပ် ဘင်ဖီကာ အသင်းကလည်း အာဂျင်တီးနား ရဲ့ မျိုးဆက်သစ် ဘောလုံး ကြယ်ပွင့် တယောက် ဖြစ်တဲ့ ဂီယန်လူကာ ပရီစတီယာနီ ကို ခေါ်ယူဖို့ အားလုံး စီစဉ်ပြီးမြောက်ခဲ့ပြီလို့ သိရပါတယ် ။ ၂၀၀၆ ဖွား ကစားသမားလေးဟာ လစ္စဘွန်း ကို ရောက်ရှိနေပြီ ဖြစ်ကာ အသက် ၁၈ နှစ်ပြည့်မြောက်မယ့် ဇန်နဝါရီ ၁၈ ရက်နေ့မှာမှ ဘင်ဖီကာ နဲ့ တရားဝင် စာချုပ် ချုပ်ဆိုနိုင်မယ်လို့ သိရပါတယ် ။

 

ချဲလ်ဆီး နည်းပြ ပိုချက်တီနို ကတော့ တိုက်စစ်မှူး အန်ကွန်ကူ ဟာ တင်ပါးဆုံ ဒဏ်ရာကြောင့် မနေ့ညက FA Cup ပွဲစဉ်ကို မပါဝင်လာခဲ့တာလို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။

 

ဘရိုက်တန် အသင်းဟာ အာဂျင်တီးနား ကလပ် ဘိုကာဂျူနီယာ မှာ ကစားနေတဲ့ ၂၀၀၄ ခုနှစ်ဖွား ကစားသမားလေး ဗယ်လင်တင်း ဘာကို ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရှိရပါတယ် ။

 

ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ နောက်ခံလူ ကန်ဆယ်လို ရဲ့ ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်သာ နားရမယ်လို့ သိရပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားလေး ဟန်နီဘယ် ကို စပိန် ကလပ် ဆီဗီးလား အသင်းက အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့လည်း သတင်း ထွက်ပေါ်လာခဲ့ပါတယ် ။

 

SPORTS MYANMAR