နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘာစိလိုနာ အသင်းဟာ လာပါမားစ် အသင်းကို နောက်ဆုံး မိနစ် ပင်နယ်တီ နဲ့ ၂-၁ နဲ့ အနိုင် ရရှိပြီး အဆင့် ၃ နေရာကို တက်လှမ်း လာနိုင်ခဲ့ပါတယ် ။ လာပါမားစ် ဘက်က ဦးဆောင်ဂိုး စသွင်းခဲ့ပေမယ့် ဘာစီလိုနာ ဘက်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့တာပါ ။ ဒီပွဲမှာ ဘာစီလိုနာ ကစားသမားသစ် ဗစ်တာ ရော့ကေး လူစားလဲ ပါဝင် ကစားသွားခဲ့ပါတယ် ။

 

ဂီတာဖေး အသင်းကတော့ ဗယ်လက်ကာနို အသင်းနဲ့ ပွဲစဉ်က မေဆင် ဂရင်းဝုဒ် ရဲ့ အနီကတ် အပြစ်ဒဏ် အတွက် အယူခံဝင်သွားမယ်လို့ သိရပါတယ် ။

 

ဘရန့်ဖိုဒ့် အသင်းဟာ မကြာခင် မှာ ၈ လ ပွဲပယ် အပြစ်ဒဏ်ပြည့်ပြီး ဘောလုံး ပြန်ကစားနိုင်တော့မယ့် တိုက်စစ်မှူး အိုင်ဗန် တိုနေး အတွက် ပေါင် သန်း ၁၀၀ ဈေးနှုန်း သတ်မှတ်ဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

 

ဆော်ဒီလိဂ် ကို ရောက်နေတဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ဖာမီနို ကို ပရီးမီးယားလိဂ် ကလပ် အချို့ က ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရပါတယ် ။

 

နယူးကာဆယ် အသင်းကတော့ ဆန်းဒါးလန်း မှာ ကစားနေတဲ့ ဂျုပ် ဘယ်လင်ဟမ် ( ရီးရဲ ဘယ်လင်ဟမ် ၏ ညီ ) ရဲ့ မိသားစုဝင်တွေကို ဖိတ်ခေါ် ခဲ့ပြီး လူငယ်လေး ကို ခေါ်ယူနိုင်ဖို့ စိတ်ကူး ရှိနေကြောင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ် ။

 

အက်စတွန် ဗီလာ အသင်းဟာ တိုက်စစ်မှူး လီယွန် ဘိုင်လီ ကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ် ။

 

ဆော်ဒီ ကလပ် အယ်လ် အစ်တီဖတ် အသင်းကတော့ နိုင်ပွဲ ပျောက်ဆုံး နေတာ ၂ လ ခန့် ကြာမြင့်ပြီ ဖြစ်တဲ့ နည်းပြ စတီဗင် ဂျရတ် ရဲ့ အနေအထားကို ပြန်လည် သုံးသပ်နေပြီလို့ သိရပါတယ် ။

 

အာဆင်နယ် ဟာ အငှားချ ထားတဲ့ ဘရာဇီး တောင်ပံ ကစားသမားလေး မာကွင်ဟိုစ့် ကို ပြန်လည် ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့လည်း သိရပါတယ် ။

 

ဝိန်းရွန်းနီ ကို ထုတ်ပယ်လိုက်တဲ့ ဘာမင်ဂမ် စီးတီး အသင်းဟာ တိုနီ မော်ဘရီ ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပြီလို့လည်း သတင်း ကြားသိရပါတယ် ။

 

SPORTS MYANMAR