နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ လီဗာပူး အသင်းဟာ ဘန်လေ အသင်းကို အဝေးကွင်းမှာ ဒါဝင် နူညက်ဇ် ၊ ဒီယေဂို ဂျိုတာ တို့ရဲ့ ဂိုးတွေနဲ့ အနိုင် ကစားပြီး ( အာဆင်နယ်ပွဲ မကစားခင် ) အဆင့် ၁ နေရာကို တက်လှမ်းလာနိုင်ခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း အက်စတွန် ဗီလာ အသင်းကို အိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင် ကစားပြီး အဆင့်တက်လာခဲ့ ပါတယ် ။ မန်ယူနိုက်တက် ဟာ ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးနေရာကနေ ဒုတိယပိုင်းမှာ ၃ ဂိုး ပြန်လိုက်သွင်းပြီး အနိုင် ကစားခဲ့တာပါ ။

 

နယူးကာဆယ် ကတော့ ရှုံးပွဲဆက်နေဆဲ ဖြစ်ပြီး အိမ်ကွင်းမှာ နော်တင်ဟမ် ဖောရက်စ် ကို ၃-၁ နဲ့ ရှုံးခဲ့ ပါတယ် ။ ဒီပွဲမှာ ဖောရက်စ် တိုက်စစ်မှူး ခရစ်စ် ဝုဒ် က ဟက်ထရစ် သွင်းပြီး သူရဲကောင်း ဖြစ်ခဲ့တာပါ ။ လူတန်တောင်း လည်း နိုင်ပွဲ ဆက်ခဲ့ပြီး ရှက်ဖီး ယူနိုက်တက် ကို အဝေးကွင်းမှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ် ။

 

ဆော်ဒီ ပရိုလိဂ် မှာတော့ ရိုနယ်ဒို ရဲ့ အယ်လ်နက်ဆာ အသင်းဟာ ဘန်ဇီးမား ပါဝင်လာတဲ့ အယ်လ် အစ်တီဟတ် အသင်းကို ၅-၂ နဲ့ အနိုင် ကစားခဲ့ပါတယ် ။ ရိုနယ်ဒို နဲ့ မာနေး တို့က အယ်လ်နက်ဆာ အတွက် ၂ ဂိုးစီ သွင်းပေးခဲ့ပြီး အဆင့် ၁ က အယ်လ်ဟီလေ အသင်းနောက်ကို ၇ မှတ်အကွာ ကနေ ဆက်လက် ရပ်တည် နေပါတယ် ။

 

ဘာစီလိုနာ နဲ့ ရီးရဲမက်ဒရစ် တို့ ဦးဆောင်လုပ်ကိုင် နေတဲ့ ဥရောပ စူပါလိဂ် ဟာ ၃ ရာသီစာ အတွက် ဥရောပ နဲ့ အမေရိက က ရင်းနှီးမြှပ်နှံမှု ယူရို ၁၅ ဘီလီယံ အထိ ရရှိထားပြီလို့ သတင်းထုတ်ပြန် လာခဲ့ပါတယ် ။

 

မန်စီးတီး ကတော့ ရေးဗား ပလိတ် ကြယ်ပွင့်လေး ကလော်ဒီယို အီချီဗာရီ အတွက် ယူရို ၂၅ သန်း နဲ့ အပြီးသတ် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ ကြားသိရပါတယ် ။

 

အင်တာမီလန် အသင်းဟာ အာဂျင်တီးနား ကလပ် ဘိုကာ ဂျူနီယာ မှာ ကစားနေတဲ့ မန်ယူနိုက်တက် နောက်ခံလူဟောင်း မားကိုစ့် ရိုဟို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။

 

စီးရီးအေ ထိပ်သီး ယူဗင်တပ် ဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ် ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ ပေမယ့် စပိန် ကလပ် ဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ် ။

 

မန်ယူနိုက်တက် ပိုင်ရှင်သစ် ဖြစ်လာတော့မယ့် ဆာ ဂျင် ရတ်ကလစ် ဟာ အသင်းက ဝန်ထမ်း ၃၀၀ နီးပါး ကို အပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်ပေါ်လာပါတယ် ။

 

SPORTS MYANMAR