နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝက်စ်ဟမ်း အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ ဒါ့အပြင် နယူးကာဆယ် ယူနိုက်တက် ဟာလည်း လူတန်တောင်း အသင်းကိူ အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ပြီး အဆင့်ကျသွားခဲ့ရပါတယ် ။

ဇယားထိပ်ဆုံးက အာဆင်နယ် နဲ့ လီဗာပူး အသင်းတို့ရဲ့ အကျိတ်အနယ် ပွဲစဉ် ကတော့ တဘက်ကို ၁ ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ပြီး ပြီးဆုံး သွားခဲ့ပါတယ် ။ ဒါကြောင့် အာဆင်နယ် ၊ ဗီလာ ၊ လီဗာပူး ၃ သင်းစလုံးဟာ အဆင့် မပြောင်းလဲဘဲ ဆက်လက် ရပ်တည်နေခဲ့ကြပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် အသင်းဟာ လက်ချီ အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၁ နေရာကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ် ။ လက်ရှိမှာ အင်တာ က ယူဗင်တပ် ကို ၄ မှတ်အသာ နဲ့ ဦးဆောင်နေပါတယ် ။

ရိုးမား ကတော့ နာပိုလီ အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားခဲ့ပါတယ် ။ ဒီပွဲမှာ နာပိုလီ ဘက်က တိုက်စစ်မှူး ဗစ်တာ အိုဆီမန် အပါအဝင် ကစားသမား ၂ ယောက် အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ် ။ မနှစ်က ချန်ပီယံ နာပိုလီ ဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွား နေပြီး ပွဲစဉ် ၁၇ ပွဲ ကစားအပြီးမှာ အဆင့် ၁ က အင်တာမီလန် နဲ့ ၁၇ မှတ်အထိ ကွာဟနေပြီ ဖြစ်ပါတယ် ။

ဘာစီလိုနာ အသင်းဟာ လူငယ် ကြယ်ပွင့်လေး Marc Guiu ကို စာချုပ်သက်တမ်းတိုး ချုပ်ဆိုဖို့ အတွက် ကမ်းလှမ်းမှု ပြုလုပ် သွားတော့မယ်လို့ သိရပါတယ် ။ ဒါ့အပြင် ဘာစီလိုနာ ဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ယိုဝေါ် ဖဲလစ် ကို ၂၀၂၄ ရာသီအထိ ထပ်မံ အငှား ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့လည်း ကြားသိရ ပ ါတယ် ။

လီဗာပူး ဘယ်နောက်ခံလူ ဆီမီကစ် ဟာ မနေ့ညက ပွဲစဉ်မှာ အရိုးကျိုး ဒဏ်ရာ ရရှိခဲ့တာကြောင့် အချိန် အတော်ကြာအောင် အနားယူရတော့မယ်လို့လည်း သိရှိရပါတယ် ။

SPORTS MYANMAR