နောက်ဆုံးရ အားကစား သတင်းများ

နော်တင်ဟမ် ဖောရက်စ် အသင်းကတော့ နည်းပြ စတိဗ် ကူးပါး ကို ထုတ်ပယ် လိုက်ပြီ ဖြစ်ပါတယ် ။ ကူးပါး ရဲ့ နေရာကို ဝုဗ် နည်းပြဟောင်း နူနို ဆန်းတိုစ့် နဲ့ အစားထိုး သွားမယ်လို့လည်း ကြားသိရပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဒါရိုက်တာ ဂျွန် မားတော့ က ဒီရာသီမှာ FFP ( ဘဏ္ဍာရေး စည်းမျဉ်း ) က ဘယ်လို အကျိုးသက်ရောက်မှု ရှိစေခဲ့သလဲ ( အဲဗာတန် အပေါ် ) ဆိုတာ အားလုံး သိမြင် ထားပြီး ဖြစ်ကြောင်း နဲ့ သူတို့ အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ သေချာ ဂရုစိုက် လုပ်ကိုင်သွားမှာ ဖြစ်ကြောင်းပြောဆို ခဲ့ ပါတယ် ။

 

PSG အသင်းဟာ ဘရာဇီးသားလေး ဂါဘရီရယ် မာစကာဒို ရဲ့ အပြောင်းအရွှေ့ ကိစ္စ နဲ့ ပတ်သက်ပြီး အခု အပတ် ထဲမှာ ကိုရင်သီယန် နဲ့ တွေ့ဆုံ စကားပြောဆိုမယ် လို့ သိရပါတယ် ။ PSG ဟာ ကစားသမားဘက် နဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကာ ယူရို ၂၅ သန်း ဝန်းကျင် နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ် ရှိနေပါတယ် ။

 

ဘာစီလိုနာ ကွင်းလယ်လူ ပက်ဒရီ ဟာ ကြွက်သား နာကျင်မှု ဒဏ်ရာကို ခံစား နေရတာကြောင့် ပွဲစဉ် အချို့ ကို လွဲချော်မယ်လို့ သိရပါတယ် ။ ဘယ်အချိန် အထိ အနားယူရမယ် ဆိုတာကတော့ အသေအချာ မသိရသေး ပါဘူး ။

 

ရီးရဲ မက်ဒရစ် ဂိုးသမားကြီး ကော့တွာ က သူဟာ ဘယ်လ်ဂျီယံ အသင်းနဲ့ ယူရို ပြိုင်ပွဲကို ပါဝင် ကစားပေး နိုင်မှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ် ။ ကော့တွာ က သူဟာ ဒဏ်ရာကနေ ပြန် သက်သာလာကာစ ဖြစ်တာကြောင့် အပြည့်အ၀ အနားယူမယ့် နွေရာသီကို ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောဆိုသွားခဲ့ ပါတယ် ။

 

ဘိုင်ယန်မြုးနစ် တိုက်စစ်မှူးကြီး သောမတ်စ် မူလာ ကတော့ အသင်းနဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ သိရှိရပါတယ် ။

 

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ဒဏ်ရာကနေ မသက်သာတာကြောင့် အသင်းရဲ့ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ပါဝင် ကစားပေးနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ် ။ ဟာလန်း ဟာ စီးတီး အသင်း နဲ့ ဆော်ဒီ ကို လိုက်ပါလာခဲ့ ပေမယ့် ခြေထောက် ဒဏ်ရာ မသက်သာခဲ့တာကြောင့် အခုလို မပါဝင်ရတော့တာလို့ သိရှိရပါတယ် ။

 

ရီးရဲမက်ဒရစ် ကို ပြောင်းရွှေ့ လာတော့မယ့် ဘရာဇီး ကြယ်ပွင့်လေး အန်းဒရစ် က သူဟာ ခီလီယံ အမ်ဘာပေ နဲ့ အတူ ဘာနေဗျူး ကွင်းသစ်ကြီးမှာ အတူ ကစားလိုပါတယ်လို့ ဖွင့်ဟပြောဆို သွားခဲ့ပါတယ် ။

 

လီဗာပူး ကွင်းလယ်လူ မက် အလစ္စတာ ဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်ပြီး ဇန်နဝါရီ ကုန်အထိ အနားယူရနိုင်တယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

ဒါကြောင့် လီဗာပူး ဟာ လိုက်ပ်ဇစ် အသင်းဆီ အငှားချ ထားတဲ့ ကွင်းလယ်လူ ဖာဘီယို ကာဗယ်ဟို ကို ဇန်နဝါရီမှာ ပြန်ခေါ်ဖို့ သေချာသလောက် ရှိလာပြီလို့ သိရှိရပါတယ် ။

 

SPORTS MYANMAR