မန်ယူနိုက်တက် က အာဆင်နယ် ထက် ပိုမို အောင်မြင်တဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင် နိုင်ခဲ့တယ်လို့ ဆိုတဲ့ ယူနိုက်တက် ဂန္တဝင်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန် က ဒီရာသီ မှာ အဆင့် ၂ ရခဲ့ပေမယ့် ဖလား လက်မဲ့ ဖြစ်ခဲ့တဲ့ အာဆင်နယ် အသင်းထက် ခါရာဘောင်း ဖလားလည်း ရ ၊ ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရတဲ့ မန်ယူနိုက်တက် က ပိုမိို အောင်မြင်တဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင် နိုင်ခဲ့တယ်လို့ သတ်မှတ်နိုင်ကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရက်ပေါင်း ၂၄၇ ရက်ကြာ ရပ်တည် နိုင်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ ဆက်တိုက် ခြေချော်ကာ ၁၉ နှစ် ကြာ ဝေးကွာနေတဲ့ အမှတ်ပေး ချန်ပီယံဆုကြီးနဲ့ ဝေးကွာ ခဲ့ရပါတယ် ။ မန်ယူနိုက်တက် ကတော့ နည်းပြသစ် အဲရစ် တန်ဟက် ရဲ့ ပထမဆုံး ဘောလုံး ရာသီမှာ ခါရာဘောင်း ဖလားကို ရယူ ထားနိုင်ပီး လာမယ့်နှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ခွင့်ကိုလည်း ရရှိ ထားပြီး ဖြစ်ပါတယ် ။ မန်ယူနိုက်တက် အဆင့် ၃ မှာ ရပ်တည်မလား အဆင့် ၄ မှာ ရပ်တည်မလား ဆိုတာ နောက်ဆုံးပွဲရလဒ် အပေါ် မူတည်နေပါတယ် ။

မန်ယူနိုက်တက် အသင်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး အသင်း နဲ့လည်း အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖို့ ကျန်နေပါသေးတယ် ။ မန်ယူနိုက်တက် ဂန္တဝင် ဖာဒီနန် က သူ့ရဲ့FIVE podcast မှာ ” မန်ယူနိုက်တက် က အာဆင်နယ် ထက် ပိုမိုကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင် နိုင်ခဲ့လား ။ ”

” ဒီမေးခွန်း ကို ကစားသမား တစ်ဦး နေရာကနေပဲ ဖြေပေးပါ့မယ် ၊ ကစားသမား တစ်ဦးဦး ကို လိုက်မေးကြည့်လိုက်ပါ ၊ အဆင့်လေးအတွင်း ဝင်တယ် ဖလား တစ်လုံးရတယ် (ဘယ်ဖလား ဖြစ်ဖြစ်ပေါ့ ) ၊ ဒါမှမဟုတ် အဆင့် ၃ ရတယ် ဖလား ရတယ် ချန်ပီယံဝင်ခွင့်လည်း ရတယ် ဒါမှမဟုတ် အဆင့် ၂ ရတယ် ဖလားတော့ မရဘူး ၊ ဒါပေမယ့် Title Race ထဲတော့ ပါဝင်ခွင့် ရခဲ့တယ် ။ အဲ့ဒီ သုံးခုထဲက ဘယ်ဟာကို ယူမလဲပေါ့ ။ ”

” ကျနော်သာဆို ဖလား အောင်မြင်မှု လည်းရ ချန်ပီယံလိဂ် ဝင်ခွင့် ရတာကိုပဲ ပိုသဘောကျတယ် လို့ ဖြေမှာပါ ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရတဲ့ ဘယ်အဆင့် ဖြစ်ဖြစ် အဆင် ပြေပါတယ် ၊အဆင့် ၂ ရပြီး ဖလား လက်မဲ့ ဖြစ်တာထက် ပိုအောင်မြင်တဲ့ ဘောလုံး ရာသီလို့ ဆိုနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM