” ပင်နယ်တီ ပေးကို ပေးရမှာပါ ” မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု အပေါ် တုန့်ပြန် မှတ်ချက်ပေးလိုက်တဲ့ အော်ဒီဂတ်

အာဆင်နယ် အသင်းရဲ့ ကပ္ပတိန် မာတင် အော်ဒီဂတ် ကမနေ့က ည ပိုင်းမှာ ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲမှာ စပိန် ကွင်းလယ်လူ ရိုဒရီ ရဲ့ သူ့အပေါ် ဖျက်ထုတ်မှု ဟာ ပင်နယ်တီ ပေးကို ပေးရမယ့် အနေအထား ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

မာလာဂါ မှာ ကစားခဲ့တဲ့ ပွဲမှာ စပိန် အသင်းဟာ နော်ဝေ အသင်းကို အော်လ်မို ၊ ဟိုဆေးလု တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ ၃ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ် ။ အော်လ်မို ရဲ့ အဖွင့်ဂိုး မတိုင်မှီ နော်ဝေ အသင်း ပင်နယ်တီ ရသင့်တဲ့ အနေအထား ပေါ် ပေါက်ခဲ့ပြီး ကာဗာယဲလ် ကို ကျော်ဖြတ်လာတဲ့ အော်ဒီဂတ် ကို ရိုဒရီ ဂိုးဧရိယာ အတွင်း လူချ ကစားခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် ပရိသတ်တွေကတော့ ချန်ပီယံ ပြိုင်ဘက် မန်စီးတီး အသင်း ကွင်းလယ်လူ ရိုဒရီ ရဲ့ ဖျက်ထုတ်မှု ကို အကြီးအကျယ် စိတ်ဆိုး ဒေါသ ထွက်နေကြပါတယ် ။ ရိုဒရီ ဟာ အော်ဒီဂတ် ဘောလုံး ကန်သွင်းလိုက်တဲ့ အချိန်မှာ ခြေထောက် နဲ့ စုံဝင်ပြီး ကြမ်းတမ်းစွာ ဖျက်ထုတ် ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဒိုင်လူကြီးဟာ ပင်နယ်တီ မပေးခဲ့သလို ရိုဒရီ ကိုလည်း အဝါကဒ် ပြသခဲ့ခြင်း မရှိပါဘူး ။

ကံကောင်းစွာ နဲ့ပဲ အော်ဒီဂတ် ဟာ ဒဏ်ရာ ကြီးကြီးမားမား မရဘဲ နော်ဝေ အသင်း အတွက် ပွဲချိန်ပြည့် ကစား သွားခဲ့ပါတယ် ။ ပွဲအပြီး အင်တာဗျူးမှာတော့ နော်ဝေ ကပ္ပတိန် အော်ဒီဂတ် ဟာ ရိုဒရီ ရဲ့ ဖျက်ထုတ်မှု ကို ပင်နယ်တီ ပေးဖို့ ငြင်းဆန် ခဲ့တဲ့ အပေါ် နားမလည် နိုင်အောင် ဖြစ်ရကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” သေချာ ပြောနိုင်တာ တစ်ခုကတေ့ာ အဲ့ဒီ ဖျက်ထုတ်မှုက ပင်နယ်တီ ပေးကို ပေးရမယ့် အနေအထားပါ ။ သူ့ရဲ့ညာခြေထောက် အောက်က ဘားနဲ့ ကျနော့် ခြေကျင်းဝတ် ကို တည့်နင်းခဲ့တာပါ ၊ ဒါပေမယ့် ကျနော် ဒီထက် ပိုပြောလိုက်ရင် ကျနော့် ကို ဒဏ်ရိုက် ပါလိမ့်မယ် ။ ”

” ဒိုင်လူကြီးတွေ နဲ့ ပတ်သက်ပြီး ကျနော် ဘာမှ ကို အထူးတလည် မပြောချင်တော့ပါဘူးဗျာ ၊ ဘာမှ မပြောတာက ပိုကောင်းပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ နော်ဝေ အသင်း နည်းပြ ကလည်း အော်ဒီဂတ် ရဲ့ ပြောကြားမှု ကို ထောက်ခံ ပြောကြား သွားခဲ့ပါတယ် ။

 

” ဒါ က ပင်နယ်တီ ဆိုတာ အရှင်းကြီးပါ ၊ သူက ဘောလုံး ကို ကန်ပြီး သွားပါပြီ ၊ ကန်ပြီးမှ foul သွားလုပ်လို့ မရပါဘူး ။ ကစားသမား တစ်ဦး ဘောလုံးကို ကန်လိုက်ပြီးမှ foul လုပ်ရင် ပင်နယ်တီ ပါပဲ ၊ ကျနော် replay ပြန်ကြည့်ကြည့်တော့လည်း အရန်ခုံ ကနေ မြင်လိုက်ရတာ နဲ့ ထပ်တူပါပဲ ။ ပြီးတာက ပြီးသွားပြီ ဆိုပေမယ့် ပင်နယ်တီ မပေးတာက ယုံနိုင်စရာကို မရှိပါဘူး ။ ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ် ။

SM