ဂိုးပြန်နိုင်တဲ့ အာဆင်နယ် ၊ ဗိုလ်လုပွဲတက်တ့ဲ ယူဗင်တပ် ၊ နွေရာသီအကြိုခြေလှမ်း‌ေတွနဲ့ . . နောက်ဆုံးရ အားကစား သတင်းများ

 

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်းကို အိမ်ကွင်းမှာ ၅-၀ နဲ့ ဂိုးပြတ် အနိုင်ကစားပြီး အဆင့် ၁ နေရာကို ဆက်လက် ထိန်းသိမ်းသွားခဲ့ ပါတယ် ။ အာဆင်နယ် အတွက် ကိုင်ဟာဗက် နဲ့ ဘန်ဝှိုက် တို့က ၂ ဂိုးစီ သွင်းယူပေးခဲ့ကြပြီး ထရိုဆတ် က ၄ မိနစ်မှာတင် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အကျိတ်အနယ် ဖြစ်နေတဲ့ အင်္ဂလန် ချန်ပီယံရှစ် မှာတော့ လက်စတာ စီးတီး ဟာ ဆောက်သမ်တန် အသင်းကို ၅-၀ နဲ့ ဂိုးပြတ် အနိုင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာဖို့ ၃ မှတ်အလိုအထိ နီးစပ်လာခဲ့ပါတယ် ။

လိဒ် ယူနိုက်တက် ကလည်း မစ်ဒယ်ဘရော့ နဲ့ အပြန်အလှန် ဂိုးတွေသွင်းပြီး ၄-၃ နဲ့ အနိုင် ရရှိခဲ့တာကြောင့် ဒုတိယ နေရာကို ရောက်ရှိလာခဲ့ပါတယ် ။ အစ်ပ်ဆွစ် အသင်းကတော့ တပွဲလျော့ အနေအထားနဲ့ တတိယ နေရာမှာ ဆက်လက် ရှိနေခဲ့ပါတယ် ။

 

အီတလီ မြေပေါ်မှာတော့ ယူဗင်တပ် အသင်းဟာ လာဇီယို အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ အနိုင်ရ ကျော်ဖြတ်ကာ ကိုပါ အီတလီယာဖလား ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။

 

အပြောင်းအရွှေ့ သတင်းတွေမှာတော့ အာဆင်နယ် နဲ့ မန်စီးတီး တို့ဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ် ကို အပြိုင် စောင့်ကြည့်နေကြတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ အသင်းဟာ လီဗာပူး တောင်ပံ ကစားသမား လူးဝစ် ဒီယာ့ဇ် ကို စိတ်ဝင်စား နေတယ်လို့လည်း သတင်းထွက်ပေါ် နေပါတယ် ။

 

နယ်သာလန် ကလပ် ဖီယင်နော့ အသင်း ဒါရိုက်တာ ဒင်းနစ် တယ် ကလိုဆီ ကတော့ သူတို့ အသင်းဟာ စပါး ကစားသမား ဘရိုင်ယန် ဂီလ် ကို စိတ်ဝင်စား နေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

နယ်သာလန်ကလပ် PSV မှာ အငှားထွက် ကစားနေတဲ့ ဘာစီလိုနာ နောက်ခံလူ ဆာဂျီနို ဒက်စ် ဟာ အရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် ၂၀၂၅ ခုနှစ်ထဲ ရောက်တဲ့အထိ လပေါင်းများစွာ အနားယူရတော့မယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါတယ် ။

 

ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ် PGMOL ဟာ နော်တင်ဟမ် ဖောရက်စ် တောင်းဆိုထားတဲ့ အဲဗာတန်နဲ့ ပွဲက VAR အသံဖိုင်တွေကို ထုတ်ပြသွားမယ်လို့ သိရပါတယ် ။

ဖောရက်စ် ဟာ အဆိုပါပွဲကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ပင်နယ်တီ ၃ ကြိမ် ခွင့်မပြုမှုနဲ့ ပတ်သက်ပြီး VAR တာဝန်ရှိသူတွေ ကို စွပ်စွဲပြောဆို ကန့်ကွက်စာ တင်ခဲ့တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ယူ-၁၈ အသင်းကတော့ လူငယ် ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီး အသင်းကို ၂-၁ နဲ့ အနိုင် ကစားပြီး ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့ပါတယ် ။ မန်ယူနိုက်တက် ယူ-၁၈ ဟာ အမှတ်ပေး ချန်ပီယံဆု ကိုလည်း ဆွတ်ခူး ရရှိထားခဲ့ပါတယ် ။

 

SPORTS MYANMAR