ခြေခေါက်လဲတဲ့ လီဗာပူး ၊ ဖိုင်နယ်တက်တဲ့ အတ္တလန်တာ ၊ ဆက်နေဦးမယ် ဇာဗီတို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လီဗာပူး အသင်းဟာ အဲဗာတန် အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ ဒီရှုံးပွဲကြောင့် လီဗာပူးတို့ အာဆင်နယ် ကို လိုက်မမီဘဲ ၃ မှတ်အကွာမှာ ဆက်လက် ရှိနေခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ရှက်ဖီး ယူနိုက်တက် အသင်းကို ၄-၂ နဲ့ အနိုင် ကစားပြီး အဆင့် ၆ နေရာကို ဆက်ထိန်းထားနိုင်ခဲ့ ပါတယ် ။
နယူးကာဆယ် ကတော့ ခရစ္စတယ် ပဲလေ့စ် ကို ရှုံးနိမ့်သွားခဲ့တာကြောင့် မန်ယူနိုက်တက် နဲ့ ၃ မှတ် ခြားနားသွားခဲ့ရပါတယ် ။

အီတလီ မှာတော့ အတ္တလန်တာ အသင်းဟာ ဖီအိုရင်တီးနား အသင်းကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင် ကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၂ နဲ့ ကျော်ဖြတ်ကာ ကိုပါ အီတလီယာဖလား ဗိုလ်လုပွဲဆီ တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။ အတ္တလန်တာ ဟာ ဗိုလ်လုပွဲမှာတော့ ယူဗင်တပ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

ပြင်သစ် လီဂူး မှာတော့ PSG ဟာ လိုရီးရန့် အသင်းကို အဝေးကွင်းမှာ ၄-၁ နဲ့ အနိုင် ရရှိခဲ့ပြီး အမှတ်ပေး ချန်ပီယံဆုနဲ့ ပိုမို နီးစပ်လာခဲ့ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေမှာတော့ ဇာဘီ ဟာနန်ဒက်စ် ဟာ ဘာစီလိုနာ အသင်းမှာပဲ ဆက်နေဖြစ်ဖို့ သေချာသွားခဲ့ပြီလို့ မနေ့ညပိုင်းက သတင်းထွက်ပေါ် လာခဲ့ပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်းကတော့ သြစတြီးယား လက်ရွေးစင် အသင်းကို ကိုင်တွယ်နေတဲ့ လိုက်ပ်ဇစ် နဲ့ မန်ယူနိုက်တက် နည်းပြဟောင်း ရပ်ဖ် ရန်းနစ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကြားသိရပါတယ် ။

ချဲလ်ဆီး နဲ့ ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာ ဟာလည်း နယ်သာလန် ထိပ်သီး အိုင်ယက်စ် အသင်းရဲ့ နည်းပြ အဖြစ် လုပ်ကိုင်ဖို့ နီးစပ်နေတယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါတယ် ။

ချဲလ်ဆီး အသင်းကတော့ လိုက်ပ်ဇစ် အသင်းမှာ ကစားနေတဲ့ ၂၁ နှစ် အရွယ် နောက်ခံလူ ကတ်စတယ်လို လုခ်ဘာ ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။

SPORTS MYANMAR