ဘရိုက်တန်နဲ့ ပွဲစဥ်မတိုင်မီ team news ​ပြောပြလိုက်တဲ့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ဘရိုက်တန် အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဥ်မတိုင်မီ အသင်းသားတွေရဲ့ ဒဏ်ရာရ အနေအထားကို ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။

မကြာသေးခင်က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ခဲ့တဲ့ လူငယ် ကြယ်ပွင့် ကစား သမား ဖြစ်သူ အလက်ဂျန်ဒရို ဂါနာချို ဟာ ပွဲကစားခွင့်ရရှိိဖို့ သိပ်စောင့်ရတော့မှာ မဟုတ်ပါဘူး။ ဆောက်သမ်တန် နဲ့ ပွဲတုန်းက ဒဏ်ရာရရှိခဲ့တဲ့ ဂါနာချိုဟာ အသင်းနဲ့ ပြန်လည်် လေ့ကျင့်နေပြီပဲ ဖြစ်ပါတယ် ။

” သူဟာ လေ့ကျင့်ရေး အစီအစဥ် တစ်ခု လုပ်ထားနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ သူပြန်လည်ကစားပေးနိုင်ဖို့တော့ အရမ််း အချိန်စောနေပါသေးတယ် ။ သူဟာ အပြည့်အဝမကြံ့ခိုင်သေးပါဘူး ။ သူ လေ့ကျင့်ရေးတွေ နောက်ထပ် လုပ်ရပါဦးမယ် ။ သိပ်မကြာခင် သူပြန်လာနိုင်မှာပါ ” လို့ တန်ဟတ်် က ဂါနာချို နဲ့ ပတ်သက်လို့ ပြောခဲ့ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ စကော့ မတ် တော်မီနေး ကလည်း ဒဏ်ရာကြောင့် အသင်းအတွက် မကစားပေးနိုင်ခဲ့ပါဘူး ။ အခုတော့ တန်ဟတ် က ဗာရန်း ဟာ တော်မီနေးထက် စောပြီး အသင်းအတွက် ကစားပေးနိုင်လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” လက်ရှိ အလားအလာကိုပြောရရင် ဗာရန်းဟာ တော်မီနေးထက် အရင် ပြန်ကောင်းလာနိုင်ဖို့ နီးစပ်နေပါတယ် ။ ဒါပေမဲ့ လာမယ့် နှစ်ပွဲ (ဘရိုက်တန် နဲ့ ဝက်စ်ဟမ်း) ပွဲစဥ်တွေ အမီတော့ သူတို့တွေ ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး ။ သူတို့ လေ့ကျင့်ရဦးမှာပါ ” လို့ တန်ဟတ် က သတင််းပေးလိုက်တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ထပ် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဒွန်နီ ဗန်ဒီ ဘိခ် ကတော့ ခွဲစိတ်ကုသမှု လုပ်ဆောင်ခဲ့တဲ့နောက် အခြေအနေပိုကောင်းလာတယ််လို့သိခဲ့ရပါတယ် ။ သူဟာရာသီအစတုန်းက ဘုန်းမောက်် အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ််ပြီး အခုမှ ပြန်လည် သက်သာခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar