အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ပေမဲ့ Clean Sheet နဲ့ အတူ ယူနိုက်တက်တို့ နိုင်ပွဲ ရယူနိုင်ခဲ့တဲ့ ပွဲစဥ်မှာ ဘယ်သူတွေ ကောင်းခဲ့ကြသလဲ…

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အက်စတွန် ဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ပွဲချိန် 39 မိနစ်မှ ဘရူနို ဖာနန်ဒက်စ် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အဖိုးတန် နိုင်ပွဲ ရယူသွားနိုင််ပါတယ် ။

ဒီပွဲစဥ်ရဲ့ အစောပိုင်း မိနစ်တွေမှာပဲ ယူနိုက်တက် တိုက်စစ်် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ဂိုး ရရှိခဲ့သင့်တဲ့ အခွင့်အရေးကောင်းတွေကို နှစ်ကြိမ် ဆက်တိုက် လွဲချော််ခဲ့ရပါတယ် ။ ဒါ့အပြင် ကာစီမီရို နဲ့ ဘရူနို တို့လည်း ရရှိိတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြပါဘူး ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒီပွဲမှာ ယူနိုက်တက်တို့ ပေးဂိုးမရှိပဲ လိုအပ်တဲ့ အနိုင် သုံးမှတ်ကို ရယူနိုင်ခဲ့သလို ဒီဂီယာ ကလည်း Clean Sheet အများဆုံး (15 ပွဲ) ဂိုးသမား အဖြစ် ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ဆွတ်ခူးဖို့ ပိုမိုနီးစပ် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက်တို့ ဒီထက် ဂိုးပြတ်ခဲ့သင့်တဲ့ ပွဲစဥ်မှ ကစား သမားတွေရဲ့ Rating ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

0-0 ဖြစ်နေချိန်မှာ မိုရီနို ရဲ့ ကန်ချက်ကို ဟန့်တားနိုင်ခဲ့သလိို ဗီလာ ဖက်မှ ဖိအားပေး ကစားခဲ့ချိန်တွေမှာ နေရာယူပုံတွေလည်း ကောင်းခဲ့ပါတယ် ။

ဒါးလော့ (6)

ညာခံစစ်မှာ ပြန်လည် ကစားခွင့် ရရှိခဲ့တဲ့ ဒါးလော့ ဟာ ခံစစ်ပိုင်း တာဝန် ကျေပွန်ခဲ့ပါတယ် ။ ဒါပေမဲ့ final third မှာတော့ အကျိုးမပြုပေးနိုင်ခဲ့ပါဘူး ။

လင်ဒီလော့ဖ် (8)

ယူနိုက်တက် အတွက် 5 ပွဲဆက် ပွဲထွက်ခွင့် ရရှိခဲ့ပြီး အလန််းစား စွမ်းဆောင်ရည် ပြသွားနိုင်ခဲ့ပြန်ပါတယ် ။ အိုလီ ဝက်ကင်း ကို ထိန်းချုပ်နိုင်ခဲ့သလို ခံစစ် ကစားပုံ တည်ငြိမ််ခဲ့ပါတယ် ။

ရှော (8)

ဗဟို ခံစစ် နေရာမှာ ထပ်မံ ကစားခဲ့ရပြီး လင်ဒီလော့ဖ် နဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်ခဲ့သလို ဝက်ကင်း ကိုလည််း ထိန်းချုပ်နိုင်ခဲ့ပြီး ခံစစ်ပိုင်း တာဝန်ကျေတာထက် ပိုခဲ့ပါတယ် ။

မာလာစီယာ (6)

ပထမပိုင်း ထူးကဲခဲ့ပြီး မက်ဂင်း နဲ့ အက်ရှ်လေ ယန်း တို့ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ တိုက်စစ်ကိုလည်း အလျင်းသင့်သလို ကူညီပေးနိုင်ခဲ့ပါတယ် ။

ကာစီမီရို (8)

ကွင်းလယ်ကို အကောင်းဆုံး ထိန်းချုပ်ကစားပြသွားနိုင်ခဲ့ပါတယ် ။ ရင်ခုန်စရာကောင်းတဲ့ ကန်ချက် တစ်ကြိမ် လုပ််နိုင်ခဲ့ပေမဲ့ ဂိုးတိုင်ထိခဲ့ပါတယ် ။ ရပ်ရှ်ဖို့ အတွက်လည်း ခေါင်းတိုက်ခွင့် ဖန်တီးပေးခဲ့ပါတယ် ။

အဲရစ်ဆင် (6)

ဘောလုံး ပေးပို့မှုတွေ လုပ်ဆောင်ဖို့ အခွင့်အရေးကောင််းတွေ အမြဲလို ရှာဖွေခဲ့ပါတယ် ။ ဒါပေမဲ့ ဖိအားပေးတိုက််စစ်ဆင်ဖို့ အခက်တွေ့ခဲ့ရပါတယ် ။

ဘရူနို (7)

ညာတောင်ပံမှာ ပွဲထွက်ခဲ့ရပါတယ် ။ ပုံစံကောင်း ပြသနိုင်ခဲ့ပြီး အခွင့်အရေး အချို့ ဖန်တီး ၊ ဖြုန်းတီးခဲ့ပါတယ် ။ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ် ။

ဆာဗစ်ဇာ (6)

အားမာန် အပြည့်နဲ့ ကစားခဲ့ပြီး ပေးပို့မှုတွေလည်း ကောင််းခဲ့ပါတယ် ။ ဂိုးပေါက် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သလို အခွင့်အရေးလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ခြေစွမ်းပိုင်း တည်ငြိမ််မှု အားနည်းခဲ့ပါတယ် ။

ဆန်ချို (6)

အက်ရှ်လေ ယန်း ကို ကျော်ဖြတ်ပြဖို့ အခက်တွေ့ခဲ့ရပါတယ် ။ ကစားပုံကောင်းတာ ရှိခဲ့ပေမဲ့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ရပ်ရှ်ဖို့ (6)

တကယ့်ကို ကောင်းမွန်တဲ့ အခွင့်အရေး 2 ကြိမ် အစောပိုင်း မိနစ်တွေထဲက ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး ။ ဘရူနို အတွက်တော့ ဂိုး ရရှိစေနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

အန်တိုနီ (6)
ဖရက်ဒ် (6)
မက်ဂွားယား (6)
မာရှယ် (5)

#Sports_Myanmar