ပရီးမီးယားလိဂ် ကြယ်ပွင့်ကို ပေါင် သန်း ၁၀၀ ပေးပြီး ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ ရေးပါလာ

ဂန်းနားဟောင်း ရေးပါလာ က အာဆင်နယ် အသင်း အနေနဲ့ လာမယ့် နွေရာသီမှာ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္ဒား အီဆက် အတွက် ပေါင် သန်း ၁၀၀ ပေးပြီး ခေါ်ယူ သင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

ပေါင်ခြံ ဒဏ်ရာကြောင့် ရုန်းကန် ခဲ့ရတဲ့ အနေအထားမှာတောင် အီဆက် ဟာ နယူးကာဆယ် အသင်း အတွက် ပြိုင်ပွဲစုံ ၂၄ ဂိုး အထိ သွင်းပြီး ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေတာပါ ။ လက်ရှိ အချိန်မှာ အာဆင်နယ် အသင်း နှင့် တော့တင်ဟမ် အသင်းတို့ဟာ အီဆက် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြတယ်လို့ သတင်းတွေ ထွက်နေပြီး ပေါင် သန်း ၁၀၀ လောက် အထိ အကုန်ကျခံရဖွယ် ရှိနေပါတယ် ။

နယူးကာဆယ် နည်းပြ အက်ဒီဟောင်း ကတော့ အီဆက် ကို ရောင်းချဖို့ မရှိကြောင်း ငြင်းဆန် ထားပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင် နေတယ်လို့ ဆိုထားပါတယ် ။ ရေးပါလာ ကတော့ NetBet Sports Betting မှာ ” အီဆက် က အာဆင်နယ် အသင်းမှာ ကောင်းကောင်း ခြေစွမ်းပြ နိုင်မယ့် ကစားသမားပါ ။ အာဆင်နယ် အသင်းရဲ့ကစားဟန် နဲ့လည်း အံဝင်မယ့် ကစားသမား ဖြစ်သလို သူ့ကို ပံ့ပိုးပေးမယ့် ဆာကာ ၊ မာတင်နယ်လီ ၊ ဟားဗတ်ဇ် ၊ ထရောဆက်ဒ် ၊ အော်ဒီဂတ် တို့နဲ့လည်း အချိတ်အဆက်မိမိ ကစားနိုင်ပါလိမ့်မယ် ။ ”

” ကျနော်တို့ ခေတ်တုန်းက ကနူး ၊ ဝီးတော့ ၊ အွန်နရီ ၊ ဘားကမ်း တို့ လို အရည်အသွေးမြင့် တိုက်စစ်မှုးမျိုး အသင်းမှာ ရှိနေဖို့ က အရေးကြီးပါတယ် ။ ဒါပေမဲ့လည်း နယူးကာဆယ် အသင်းက သူတို့ရဲ့ တိုက်စစ်မှူးကို အဆုံးရှုံး ခံချင်မှာ မဟုတ်ပါဘူး ၊ ပြောင်းရွေ့ကြေး ကတော့ ရိုက်စ် လောက် နီးနီး ကုန်ကျပါလိမ့်မယ် ၊ အီဆက် က အာဆင်နယ် ကို ရှေ့ပိုရောက်အောင် လုပ်ပေးနိုင်မယ့် ကစားသမားပါ ၊ နောက်ပြီး ကျနော် ကိုယ်တိုင်လည်း သိပ်ကြိုက်တဲ့ ကစားသမားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM