အာဆင်နယ် နဲ့ ပွဲကို ပါးလ်မား လွဲချော်ဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလာတဲ့ အာတီတာ

 

အာဆင်နယ် နည်းပြ အာတီတာ က ချဲလ်ဆီး အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး အသင်းဟာ ပါးလ်မား တစ်ဦးတည်း ကို မှီခို နေတဲ့ အသင်း မဟုတ်ဘဲ နေရာပေါင်းစုံမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေတဲ့ အသင်း ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဒီရာသီမှာ ချဲလ်ဆီး အသင်း အတွက် ပြိုင်ပွဲစုံ ၂၃ ဂိုး အထိ သွင်းထား နိုင်တဲ့ ပါးလ်မား ဟာ ဖျားနာနေတာကြောင့် အာဆင်နယ် အသင်း နဲ့ ကစားရမယ့် ပွဲကို လွဲချော်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့တာပါ ။ ချဲလ်ဆီး နည်းပြ ပိုချက်တီနို ကတော့ ပါးလ်မား ဟာ အာဆင်နယ် နဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေပေမယ့် ကန်ခါနီး သူ့ရဲ့ကြံ့ခိုင်မှု အခြေအနေကို တစ်ချက် စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ သူတို့ အသင်းကို ကောင်းကောင်း ဒုက္ခ ပေးနိုင်စွမ်း ရှိတဲ့ ပါးလ်မား တစ်ယောက် ပါဝင် ကစားနိုင်ဖွယ် မရှိဘူးလို့ သတင်းတွေ ထွက်နေတဲ့ အပေါ် ” ကျနော် မသိပါဘူး ။ သူတို့ ဘယ်ကစားသမားတွေ ပါဝင် ကစားနိုင်တယ် မကစားနိုင်ဘူး ဆိုတာ ကျနော်တို့ ထိန်းချုပ်လို့ မရတဲ့ အရာတွေပါ ။ ကျနော်တို့ အနေနဲ့ ကိုယ့်လူစာရင်းကိုပဲ ကိုယ်ထိန်းချုပ်လို့ ရတာပါ ။ ”

 

” သူတို့ ဘယ်လိုပဲ ပွဲထုတ်လာလာ သူတို့မှာ အရည်အသွေး မြင့် ကစားသမားတွေ ရှိနေတာပါပဲ ။ ချဲလ်ဆီး အသင်း လုပ်ပြနေတာက လူတွေ ပြောနေကြတာထက် အများကြီး ပိုကောင်းပါတယ် ၊ တကယ့်ကို ခက်ခဲမယ့် ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM