ဖိုင်နယ် တက်သွားပေမယ့် သူအပါအဝင် အသင်းဖော်တွေရဲ့ အားထုတ်မှုကို အားမရလို အားမရ ဖြစ်နေတဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကိုဗင်ထရီ အသင်း နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲမှာ ဖရိုဖရဲ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်လှမ်း သွားခဲ့ပါတယ် ။ မန်ယူနိုက်တက် အသင်းဟာ ကိုဗင်ထရီ ကို သုံးဂိုးပြတ် အနိုင်ရနေရာကနေ သုံးဂိုး ပြန်ပေးရပြီး ပင်နယ်တီ အဆုံးအဖြတ် ရောက်မှသာ အနိုင် ရခဲ့တာပါ ။

အချိန်ပို မိနစ် ၃၀ မှာ ကိုဗင်ထရီ အသင်းကတောင် ဦးဆောင် ဂိုး ပြန်ရခဲ့သေးပြီး မဆိုစလောက်လေး လူကျွံနေခဲ့တာကြောင့်သာ မန်ယူနိုက်တက် တို့ ကံကောင်း သွားခဲ့တာပါ ။ မန်ချက်စတာ ယူနိုက်တက် အသင်း ပရိသတ် အနေနဲ့ ဗိုလ်လုပွဲ တက်သွား ခဲ့ပေမယ့် အသင်း ရဲ့ ညံ့ဖျင်းလှတဲ့ စွမ်းဆောင်ရည်ကြောင့် အပြည့်အဝ မပျော်ရွှင် ခဲ့ရတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းယား က MUTV မှာ ” ကျနော်တို့ လက်ရှိ အချိန်မှာ လုံးဝ ကောင်းမွန်အောင် ကစား နိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက်မျိုး မရနေတာတော့ အမှန်ပါပဲ ။ ကျနော်တို့ နောက်တစ်နေ့ မနက်မှာ နှစ်နှစ် အတွင်း သုံးကြိမ်မြောက် ဗိုလ်လုပွဲကို တက်လှမ်း နိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ နိုးထ နိုင်မှာပါ ။ ယူနိုက်တက် လို အသင်းက ဆုဖလား အောင်မြင်မှု ကြီးတွေ ရပြီး ဖိုင်နယ်တွေမှာ ရှိနေဖို့ အမြဲ တောင်းဆို ခံနေရတဲ့ အသင်းပါ ။ ”

” ကျနော်တို့ ပွဲကို ထိန်းချုပ် နိုင်ခဲ့ပေမယ့် အလွယ်တကူပဲ ဂိုးတွေ ပြန်ပေး ခဲ့ရပါတယ် ။ ပထမမိနစ် ၆၀ လောက် အထိက ကျနော်တို့ ကစားတာ ကောင်းခဲ့ပါတယ် ၊ ပွဲပီးခါနီး မိနစ် ၃၀ ကတော့ ဒီအသင်း ရှိနေရမယ့် အဆင့်အတန်း မျိုး မဟုတ်နေပါဘူး ၊ ယူနိုက်တက် လို အသင်းအတွက် ကစားတာ တာဝန် အင်မတန် ကြီးပါတယ် ၊ ကျနော်တို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ လိုအပ်ပါတယ် ၊ ကျနော် အပါအဝင်ပေါ့ ။ ”

” နောက်ဆုံး မိနစ် ၃၀ မှာဆို ကျနော်တို့ အနေနဲ့ ကိုယ်ယူရမယ့် တာဝန်ကိုတောင် ကျေပွန်အောင် မယူနိုင်ခဲ့ပါဘူး ။ တကယ့်ကို အလွန်အမင်း စိတ်ပျက် စရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM