မန်စီးတီးဖိုင်နယ်က စောင့်နေချိန်မှာ အဆင့် ၁ ဝင်ယူသွားတဲ့ အာဆင်နယ်နဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

 

 

မနေ့ညက ကစားခဲ့တဲ့ FA Cup ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ မန်ချက်စတာ စီးတီး အသင်းဟာ ချဲလ်ဆီး အသင်းကို ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရပြီး ဝင်ဘာလေ ကွင်းကြီးထဲမှာ ကျင်းပမယ့် ဗိုလ်လုပွဲကို တက်လှမ်းသွား နိုင်ခဲ့ပါတယ် ။ စီးတီး ဟာ ကိုဗင်ထရီ နဲ့ မန်ယူနိုက်တက်တို့ ပွဲစဉ်က အနိုင်ရမယ့် အသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာပါ ။

အာဆင်နယ် ကတော့ မန်စီးတီး အက်ဖ်အေ ဖလား ကစားနေရမှုကို အခွင့်ကောင်း ရယူနိုင်ခဲ့ပြီး ဝုဗ် ကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားကာ အဆင့် ၁ နေရာကို သိမ်းပိုက်သွားနိုင်ခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဂီရိုနာ အသင်းဟာ ကာဒိဇ် အသင်းကို ၄-၁ နဲ့ အနိုင် ကစားအပြီးမှာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူသွားနိုင်ခဲ့ပါတယ် ။

 

ရီးရဲမက်ဒရစ် အသင်းကတော့ ဘာစီလိုနာနဲ့ ကစားမယ့် El Clasico ပွဲစဉ်အတွက် လူစာရင်းကို ထုတ်ပြန် သွားခဲ့ပြီး ဂိုးသမား ကော့တွိုက် ပါဝင်လာခြင်း မရှိသေးပေမယ့် ခံစစ်မှူး မီလီတို နဲ့ မန်ဒီ တို့တော့ ပြန်လည် ပါဝင်လာခဲ့ကြပါတယ် ။

ဘာစီလိုနာ ခံစစ်မှူး ခရစ်ရှန်ဆန် ဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘဲ နူးကမ့်မှာပဲ ဆက်လက် ရှိနေဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာလည်း သူ့ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး အသင်းက ဘယ်သူမှ လာရောက် ပြောဆိုထားခြင်း မရှိသေးပါဘူးလို့ ရီးရဲမက်ဒရစ် နဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ ပါတယ် ။

 

အေစီမီလန် အသင်းကတော့ နည်းပြ ပီယိုလီ နဲ့ ရာသီအကုန်မှာ လမ်းခွဲဖို့ စီစဉ်နေပြီး ဝုဗ် နည်းပြ လိုပီတီဂွီ ကို အစားထိုး ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားသိရပါတယ် ။

 

အီတလီ ဂန္ထဝင် ခံစစ်မှူးကြီး ဖာဘီယို ကန်နာဗာရို က ချဲလ်ဆီး လူငယ် ကစားသမားလေး ကာဆာဒီ ကို စီးရီးအေ မှာ မြင်တွေ့ လိုတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။ ကာဆာဒီ ဟာ အင်တာ လူငယ် အသင်းကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ် ။

 

ဘိုင်ယန်မြုးနစ် အသင်းဟာ ကွင်းလယ်လူ ကင်မစ်ချ် အသင်းကနေ ထွက်ခွာခဲ့ပါက ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယွန် ကို ခေါ်ယူ အစားထိုးသွားဖို့ စိတ်ကူးထားတယ်လို့ ကြိားသိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး နောက်ခံလူ အက်စတီနီ ယူဒိုဂျီ ဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရတော့မှာ ဖြစ်တာကြောင့် စပါးရဲ့ လက်ကျန် ပွဲစဉ်အားလုံးအပြင် ယူရို ၂၀၂၄ ကိုပါ အီတလီ နဲ့ပါဝင် ကစိားနိုင်တော့မှာ မဟုတ်ဘူးလို့ သိရှိရပါတယ် ။

 

အက်စတွန် ဗီလာ ဂိုးသမား မာတီနက် ကတော့ Lille နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့မှာ အဝါကတ် ၂ ကြိမ်ပြသခံခဲ့ရတာကြောင့် အိုလံပီယာကော့စ် နဲ့ ရင်ဆိုင် ကစားမယ့် ဆီမီးဖိုင်နယ် ပွဲစဉ် ကို လွဲချော်တော့မယ်လို့ သိရပါတယ် ။

မာတီနက် ဟာ ပင်နယ်တီ အဆုံးအဖြတ် ခံယူနေချိန်မှာ ဒုတိယ အဝါကတ် ပြသခံခဲ့ရတာဖြစ်ပြီး အထုတ်မခံ ခဲ့ရပေမယ့် ၁ ပွဲပယ် ပြစ်ဒဏ်ကိုတော့ ကျခံရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR