ဘိုင်ယန်မြူးနစ် နဲ့ ပွဲမှာ ပွဲအပေါ် သက်ရောက်မှု ကြီးမားခဲ့တဲ့ သူတို့ရဲ့ လွဲချော်မှု တစ်ခုအကြောင်း ပြောပြလာတဲ့ အာတီတာ

 

အာဆင်နယ် အသင်း နည်းပြ အာတီတာ က အိမ်ကွင်း အမ်းမရိတ်တွင် ဘိုင်ယန်မြူးနစ် အသင်း နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲမှာ ဘန်ဝှိုက် ရဲ့ အပိုင် အခွင့်အရေး အဆုံးမသတ်နိုင်မှုဟာ ပွဲအပေါ် သက်ရောက်မှု ကြီးမားခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဆာကာ ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင်နေချိန်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး ဖြစ်သွားစေမယ့် အခွင့်အရေးမျိုး ဘန်ဝှိုက် လွတ်လွတ်ကျွတ်ကျွတ် ရခဲ့ပေမယ့် ဂိုးသမား နော်အာ တည့်တည့်ကိုပဲ ကန်မိ ခဲ့တာ ဖြစ်ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာ အာဆင်နယ် နည်းပြ အာတီတာက ” ကျနော်တို့ ပွဲကို ကောင်းကောင်း စတင် ကစား နိုင်ခဲ့ပါတယ် ။ ပြိုင်ဘက် အသင်း ရဲ့ ကွင်းဘက်ခြမ်းမှာ ကျနော်တို့ လွှမ်းမိုး ချုပ်ကိုင်မှု အပြည့်နဲ့ ကစား နိုင်ခဲ့တာပါ ၊ ကျနော်တို့ အရှိန်အဟုန် တစ်ခုကို တည်ဆောက် နိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း စသွင်း နိုင်ခဲ့ပါတယ် ။ ”

” နောက်တော့ ပွဲရဲ့ အရေးပါတဲ့ အခိုက်အတန့် တစ်ခု ပေါ်ပေါက် ခဲ့ပါတယ် ။ နော်အော ရှေ့မှာ ၂-၀ ဖြစ်သွားစေမယ့် အခွင့်အရေးမျိုး ဘန်ဝှိုက် ရခဲ့တာပါ ၊ ကျနော်တို့ အနေနဲ့ အဲ့ဒီလို အခွင့်အရေးမျိုးကို ဂိုးအဖြစ် ပြောင်းလဲ နိုင်ဖို့ လိုပါတယ် ။ ချန်ပီယံလိဂ်မှာ ကိုယ့်ဘက်က အခွင့်အရေးကို အသုံးချ နိုင်ဖို့ လိုသလို ပြိုင်ဘက်ကိုလည်း အခွင့်အရေး ပေးလို့ မရပါဘူး ။ ”

” ကျနော်တို့ ဒီနေ့ ပြိုင်ဘက်ကို သွင်းဂိုး ၂ ဂိုး ပေးခဲ့ပါတယ် ။ ဒီလို ပြိုင်ပွဲမှာ အသင်းတွေကြား ကွာဟမှုက အတော်လေး ကျဉ်းမြောင်းပါတယ် ၊ ပြိင်ဘက်ကို ဘာအခွင့်အရေး မှ ပေးလို့ မရပါဘူး ၊ ၂-၁ ဖြစ်သွားချိန်မှာ လူစားဝင်လာတဲ့ ကစားသမားတွေက အသင်းအပေါ် အကျိုး ပြုခဲ့တာပါ ၊ သူတို့ရဲ့ ကွင်းထဲ ဝင်ရောက်လာလာချင်း စွမ်းဆောင်ရည် ၊ လှုပ်ရှားမှု နှင့် အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းမှုက အသင်း အတွက် ထိရောက်မှု ရှိခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM