အနာဂတ် ရဲ့ မက်ဆီ နဲ့ ရော်နယ်ဒို ၊ Ballon d’Or အများကြီး ဆွတ်ခူးနိုင်မဲ့ ကစားသမား အမည်တွေကို ပြောပြလိုက်တဲ့ မာတာရာဇီ

လက်ရှိ ဘောလုံး အားကစား လောကမှာ ပုံစံကောင်း ပြနေခဲ့ကြတဲ့ ကစားသမားတွေ အများကြီး ရှိနေခဲ့ကြပေမဲ့ အများစုကတော့ အနာဂတ် Ballon d’Or ဆုနဲ့ ပတ်သက်လာရင် ကီလီယံ အမ်ဘာပေ ၊ အားလင်း ဟာလန်း နဲ့ ဗီနီရှပ် ဂျူနီယာ တို့ကို အလေးပေးထားကြပါတယ် ။

တချိန်တုန်းက အင်တာ မီလန် အသင်း နဲ့ အတူ treble winner ဖြစ်ခဲ့ဖူးတဲ့ မာတာရာဇီ က အနာဂတ် Ballon d’ Or ဆုရှင် ဘယ်သူ ဖြစ်နိုင်မလဲလို့ အမေးခံလိုက်ရတဲ့ခါမှာတော့ အားလင်း ဟာလန်း နဲ့ အမ်ဘာပေ တို့ကို ရွေးခဲ့လိုက်ပါတယ် ။

PARIS, FRANCE – FEBRUARY 07: Kylian Mbappe of PSG runs with the ball during the French Cup match between Paris Saint-Germain and Stade Brestois 29 at Parc des Princes on February 07, 2024 in Paris, France. (Photo by Franco Arland/Getty Images)

ဒါ့အပြင် သူတို့ နှစ်ဦးဟာ ရော်နယ်ဒို နဲ့ မက်ဆီ လို ဖြစ််လာလိမ့်မယ်လို့ပါ သုံးသပ်ခဲ့လိုက်ပါတယ် ။ အဲ့ဒီနောက် ဒီဆုကို ဘယ်သူက ပိုပြီး ဆွတ်ခူးနိုင်လိမ့်မလဲလို့ အမေးခံလိုက်ရတဲ့ အခါမှာတော့ မာတာရာဇီ က အမ်ဘာပေ ကို ရွေးချယ်သွားခဲ့လိုက်ပါတယ် ။

” ဒီကောင်လေးတွေဟာ မက်ဆီ နဲ့ ရော်နယ်ဒို တို့လိုမျိုး ဖြစ်လာကြပါလိမ့်မယ် ။ ဖြစ်နိုင်ခြေ အများဆုံး အရာကို ပြောရမယ်ဆိုရင် သူတို့ နှစ်ဦးထဲက တစ်ဦးဟာ ဒီဆုကို အများကြီး ပိုပြီး ဆွတ်ခူးသွားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မြင်မိပါတယ် ”

Manchester City’s Erling Haaland, left, greets Real Madrid’s Vinicius Junior at the end of the Champions League semifinal first leg soccer match between Real Madrid and Manchester City at the Santiago Bernabeu stadium in Madrid, Spain, Tuesday, May 9, 2023. (AP Photo/Manu Fernandez)

” အဲ့ဒီလို ဖြစ်နိုင်မှာ ဘယ်သူလဲလို့ မေးရင်တော့ ကျွန််တော်ဟာ ကီလီယံ အမ်ဘာပေ ကို ရွေးချယ်လိုက်မှာပါ ။ သူဟာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ပိုင်ဆိုင်ထားသူ တစ်ဦးပဲလေ ” လို့ မာတာရာဇီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

လက်ရှိအချိန်မှာ PSG အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မဲ့ အမ်ဘာပေ ဟာ လာမဲ့ နွေမှာ ရီးယဲ မက်ဒရစ် အသင်းဆီ ရောက်ဖို့ သတင်းကြီးနေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ PSG အသင်းဖက်မှလည်း ဒီကြားထဲ သူ့ကို သိမ်းသွင်းဖို့ ကြိုးစားဦးမှာပဲ ဖြစ်ပါတယ် ။

#SM