မန်စီးတီး နဲ့ ပွဲမတိုင်မှီမှာ အာဆင်နယ် အသင်းနဲ့ ပတ်သက်ပြီး ခန့်မှန်းမှု လုပ်လိုက်တဲ့ အာဆင်ဝင်းဂါး

 

ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က နည်းပြ အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ မနှစ်က အမှားတွေကနေ သင်ခန်းစာ ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုလိုက်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ ဝေးကွာနေတဲ့ ချန်ပီယံဆုကို ရယူဖို့ အသင့် ဖြစ်နေပြီလို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

ဂန်းနားဟောင်း ယွန်းဘတ် နဲ့ တွေ့ဆုံမှုမှာ အာဆင်ဝင်းဂါး က ယွန်းဘတ် ရဲ့ အာဆင်နယ် အသင်း ဒီရာသီ ရည်မှန်းချက် ပန်းတိုင် ကို အရောက် လျှောက်လှမ်းနိုင်မယ်လို့ ထင်သလား ဆိုတဲ့ မေးခွန်းအပေါ် ” ကျနော်ကတော့ ယုံကြည်ပါတယ် ။ လာမယ့်ပွဲက ချန်ပီယံဆုအတွက် အနည်းငယ် အဆုံးအဖြတ်ပေးမယ့်ပွဲပါ၊ မန်စီးတီး နဲ့ ပွဲပေါ့ ။ ”

” စီးတီး က တကယ် ကစားရ ခက်ခဲတဲ့ အသင်းပါ ၊ ဒါပေမဲ့ ဒီနှစ်မှာ မနှစ်ကလောက် သူတို့ တခြား အသင်းတွေ အပေါ် လွှမ်းမိုး ကစားနိုင်မှု မရှိပါဘူး ။ ဒါပေမဲ့ စီးတီး က ဒီလို အချိန်မှာ ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း သိသလို ဒီလို အခြေအနေကိုလည်း အကြိမ်ကြိမ် ရောက်ဖူးပါတယ် ။ ”

” အာဆင်နယ် အသင်းမှာလည်း လုပ်နိုင်စွမ်း ရှိပေမယ့် အခု အချိန်မှာ သူတို့ လုပ်နိုင်တာကို ပြသဖို့ လိုအပ် ပါတယ် ။ မနှစ်က ဖြစ်ပျက် ခဲ့တာတွေကနေ သူတို့ သင်ယူဖို့ ကျနော် မျှော်လင့်သလို ယုံလည်းကြည်ပါတယ် ၊ မနှစ်က သူတို့ ဖိအားတွေ များခဲ့ပြီး ရာသီကုန်ခါနီးမှာ ရလဒ်တွေ ဆိုးရွား သွားခဲ့ပါတယ် ၊ ဒီနှစ်မှာ ပြိုင်ပွဲနှစ်ခုပဲ ကစားရဖို့ ရှိတော့ သူတို့ ပိုပြီး အေးဆေး သက်သောင့် ရှိနေမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM