အာဆင်နယ် နဲ့ ပွဲစဥ် မတိုင်မီ ပြိုင်ဖက် ကစားသမား 2 ဦးကို ချီးကျူးလိုက်တဲ့ ဂရီလစ်ရှ်

ဒီတစ်ပါတ် တနင်္ဂနွေညမှာတော့ ပရီးမီးယားလိဂ် ထိပ်သီိး ကလပ်တွေ ဖြစ်ကြတဲ့ မန်စီးတီး နဲ့ အာဆင်နယ် အသင််းတို့ဟာ အီတီဟတ် ကွင်းထဲ ပရီးမီးယားလိဂ် ပွဲစဥ် 30 ကို ကစားကြရဖို့ ရှိနေပါတယ် ။

လက်ရှိ အချိန်မှာ အာဆင်နယ် ၊ လီဗာပူး နဲ့ မန်စီးတီး အသင််းတို့ အကြား ရမှတ် ခြားနားချက် ကျဥ်းမြောင်းလွန်းနေတာကြောင့် ဒီပွဲစဥ်ရဲ့ ရလဒ်ဟာ ဒီရာသီ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲဆိုတဲ့အပေါ် ကြီးကြီးမားမား သက်ရောက်သွားဖို့ ရှိနေပါတယ် ။

ဒီလို အရေးကြီး ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီး အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျက် ဂရီလစ်ရှ် က ပြိုင်ဖက် အသင်းကို ဒီရာသီမှာ တိုးတက် ကောင်းမွန်စေနိုင်ခဲ့တဲ့ ကစားသမား နှစ်ဦးကို ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” ဒါက ထင်ရှားလွန်းလှပါတယ် ။ သူတို့ (အာဆင်နယ်) ဟာ နွေတုန်းက ဒီကလန် ရိုက်စ် နဲ့ ကိုင် ဟာဗတ် တို့ကို ခေါ်ယူထားနိုင်ခဲ့ကြပြီး လက်ရှိအချိန်မှာ ကစားသမား နှစ်ဦးလုံးဟာ ပုံစံကောင်းတွေကို ကိုယ်စီ ပြသထားနိုင်ခဲ့ကြပါတယ် ”

” အာဆင်နယ် အသင်းဟာလည်း ပြီးခဲ့တဲ့ ရာသီတုန်းကထက် ပိုပြီးတော့ အတွေ့အကြုံ များလာခဲ့ပုံပါပဲ ။ ပြီးခဲ့တဲ့ ရာသီကရော ဒီရာသီမှာပါ သူတို့ဟာ လူငယ်တွေနဲ့ ကစားခဲ့ကြတာပါ ။ ပြီးတော့ ပြီးခဲ့တဲ့ ရာသီကတည်းက သူတို့တွေ အမှတ်ပေး ဖလားဆုကို စိန်ခေါ်နိုင်ခဲ့ကြတာလေ ”

” ဒါကြောင့် ဒီရာသီမှာ ဆုဖလား ဆွတ်ခူးဖို့ ဘယ်လိုတွေ လုပ်ရမလဲဆိုတဲ့ အတွေ့အကြုံမျိုး သူတို့မှာ ရှိနေခဲ့ပါပြီ ။ ဒီပွဲမှာ ကျွန်တော်တို့ကို ကျွန်တော်တို့ ပြန်ကြည့်ရမှာပါ ။ ကွင်းထဲသွားပြီး အနိုင်ရလဒ် ရယူနိုင်ခဲ့ရင် ပိုကောင်းတဲ့ နေရာမှာ ရပ်တည်ရလိမ့်မယ်လေ ” လို့ ဂရီလစ်ရှ် က ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

ကိုင် ဟာဗတ် ဟာ အာဆင်နယ် အသင်းအတွက် စတင် ကစားပေးခဲ့စဥ်က ရုန်းကန်ခဲ့ရပေမဲ့ အခုတော့ အံဝင်နေပြီး ပုံစံကောင်းတွေ ပြထားနိုင်ခဲ့ပါတယ် ။ အခြားတဖက်မှာတော့ ရိုက်စ် ရဲ့ အပြောင်းအရွှေ့က ဒီရာသီရဲ့ အကောင််းဆုံး ခေါ်ယူမှုလို့တောင် ပြောလို့ရနေပြီပဲ ဖြစ်ပါတယ် ။

#SM